ဂျပန်စာအတူတူစားပြီးသည့်နောက်
ကိုကိုကသူ့ကိုဟိုတယ်တစ်ခုသို့ ပို့ပေးလေသည်။Reception မှာ အခန်းတစ်ခန်းယူပြီးနောက် သူတို့အတူတူဓာတ်လှေကားစီးကျသည်။သူဆွဲကိုင်လို့ထားတဲ့ ကိုကို့လက်တွေကအေးစက်နေသည်။ထိုအခါသူကပိုသာပြီးနွေးနွေးထွေးထွေးလေးဆုပ်ကိုင်လို့ပေးနေခဲ့သည်။" ချန်း "
" ကိုကို့လက်တွေ အေးနေလို့ပါ "
" အင်း ကျေးဇူး "
ကိုကိုကသူဆွဲကိုင်ထားတဲ့လက်တွေကိုရုန်းဖယ်လို့မသွားခဲ့ပါဘူး။Reception ကပေးတဲ့အခန်းသော့ကို ကိုကိုကတစ်ဖက်ကကိုင်ဆွဲလို့ထားပြီး အခန်းကိုရှာနေသည်။ထို့နောက်တွေ့သွားဟန်နဲ့ သူ့လက်ကိုဆွဲ၍...
" ဒီအခန်းပဲ ချန်း လာ "
" ဟုတ် ကိုကို "
အခန်းလေးထဲဝင်သွားသည်နှင့်ကိုကိုကမီးတွေအရင်ဖွင့်တယ်၊ထို့နောက်ခန်းစီးလိုက်ကာတွေကိုဖယ်ခွာတယ်၊သူကတော့ ကုတင်လေးပေါ်တက်ထိုင်လို့နေနေသည်။ပြီးနောက်ကိုကိုကသူရှိရာလျှောက်လှမ်းလာပြီး...
" ရေချိုးအုန်းမလား ချန်း"
" ဟင့်အင်း ချမ်းတယ် "
" အင်း အဆို ခဏနားလေ!
အရမ်းပင်ပန်းနေမှာကိုး "" ဟုတ် "
ဟန်မဆောင်နိုင်လောက်အောင်ပင်
သူလည်းပင်ပန်းနေပြီ၊ထို့ကြောင့် ကိုကို့စကားအတိုင်းကုတင်ပေါ်တက်လို့လဲလိုက်သည်။သူ့ကိုစောင်ခြုံထားပေးပြီး ဆိုဖာပေါ်သွားဖို့ပြင်နေသည့်ကိုကို့လက်ကိုဆွဲဖမ်းလို့ထားခဲ့သည်။" ဘာလိုလို့လဲ ချန်း "
"ကိုကို့ကို "
" ဟင်! "
" ခဏဖက်ထားပေးလို့ရမလား..ကျွန်တော်ချမ်းလို့ "
" အင်း ကောင်းပြီ "
ဆိုဖာပေါ်မှာ ကျောပိုးအိတ်လေးနှစ်လုံးကိုထောင်လျက်ဘေးချင်းကပ်အတူတူချထားတယ်၊ခန်းစီးလိုက်ကာတွေကိုပြန်ချလိုက်ပြီးကိုကိုကသူ့အနားရှိရာကိုလှမ်းလာလေသည်။ပြီးနောက် မွေ့ယာပေါ်တက်လှဲလာပြီးသူ့ဘေးနားမှာ ပက်လက်လေးလှန်လှဲချလေသည်။သူကကိုကို့ခါးကိုလက်တစ်ဖက်နဲ့သိုင်းဖက်ပစ်လိုက်ပြီးခြေထောက်တစ်ဖက်နဲ့ပါ ခွထားလိုက်သေးသည်။ပြီးနောက် ကိုကို့ပုခုံးသားနဲ့လည်တိုင်အစပ်ကြားခေါင်းတိုးဝင်လို့မျက်စိစုံမှိတ်ချလိုက်တော့သည်။
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romantizmနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...