// 5 //

678 77 32
                                    

သူတို့ရှေ့ကနေ ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုကြည့်ပြီး ချန်းကသဘောတကျပြုံးရယ်နေခဲ့သည်။ပြီးနောက် သူ့ရှေ့ကကောင်မလေးပေးနေတဲ့ စာအိတ်လေးကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သူတို့ရှေ့ကနေ ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုကြည့်ပြီး ချန်းကသဘောတကျပြုံးရယ်နေခဲ့သည်။ပြီးနောက် သူ့ရှေ့ကကောင်မလေးပေးနေတဲ့ စာအိတ်လေးကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။

" Sorry ပဲ ငါမင်းကိုစိတ်မဝင်စားဘူး "

အိမ်ပြန်လမ်းတစ်လမ်းလုံးတိတ်ဆိတ်ကာနေတဲ့ ကားနောက်ခန်းလေးထဲသူကပြုံးနေခဲ့မိသည်။ဘယ်လိုလုပ်ရမလဲ...သူ့ကိုကို သူ့ကိုသဝန်တိုနေတဲ့အမူအရာလေးကသိပ်ချစ်ဖို့ကောင်းတာပဲ..သူသာ၁၈နှစ်ပြည့်ပြီးရင် သူ့ကိုကို့ကို ခုန်အုပ်ပစ်လိုက်ချင်ပြီ။

ည၉နာရီ~~
ကိုကို့အခန်းကိုသူတံခါးခေါက်လို့ဝင်သွားလိုက်သည်။

" ကိုကို့ "

" အင်း ချန်း "

" ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းလား "

" စိတ်မဆိုးပါဘူး "

" စိတ်မဆိုးဘူးသာပြောနေတာ ကိုကိုကကျွန်တော့်ကိုမကြည့်ဘူး "

ဂယောင်ဆူးတစ်ယောက် စာလုပ်နေရာကနေ စာအုပ်ကိုအသံမြည်အောင်ပိတ်ချလိုက်ပြီးချန်းကိုလှည့်ကြည့်လိုက်သည်။

" ကိုကို စာမေးပွဲကြီးဖြေဖို့ ၂လပဲလိုတော့တာလေ ချန်းရဲ့မင်းဘာပြောချင်တာလဲ "

" ကိုကို ကျွန်တော်တောင်းပန်ပါတယ် "

လာပြန်ပြီ...တောင်းပန်ပြန်ပြီ..
ဒီသောက်ကောင်လေးကတော့လေ ကျစ်။

" ကျစ် ! ချန်း ! "

သူစိတ်မရှည်စွာအော်လိုက်သည်နှင့် ချန်းကသူ့ကိုဆွဲဖက်လာပြန်သည်။လာပြန်ပြီ...တောင်းပန်မယ်၊ပြီးရင် ဆွဲဖက်လာမယ်..။

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now