ဒီမနက်ဂယောင်ဆူးရဲ့နိုးထလာရခြင်းပုံစံက အရင်နေ့တွေကနဲ့မတူတော့ဘူး။အရင်နေ့တွေက ချန်းနဲ့သူကအတူတူအိပ်ခဲ့ကျပေမယ့်သာမန်သိုင်းဖက်ထားရုံကလွဲပြီး ခပ်ခွာခွာအနေအထားမှာရှိတယ်။ဒီနေ့မှာတော့ဖြင့် သူ့ရဲ့ကျောပြင်ငယ်ကချန်းရဲ့ရင်ဘတ်ကျယ်ထဲမှာ ဖိသိပ်ဖျစ်ညစ်လို့ထားခံနေရသည့်အတွက် ချန်းရဲ့ရင်ခုန်နှုန်းတွေကသူ့ကျောပြင်ကိုတိုက်ရိုက်လှုပ်ခတ်လို့နေသည်။ပြီးတော့အဝတ်မပါတဲ့အခြေအနေမို့ အသားချင်းထိတွေ့နေရုံသာမကခြေထောက်တွေကလည်းအချင်းချင်းပူးကပ်ယှက်တွယ်ကာနေပြီး အင်း..နှစ်ဦးသားအခြေအနေကနည်းနည်းကိုးရိုးကားယားဆန်နေတယ်။ပြီးတော့အချစ်ရနံ့တွေလည်း လိုတာထပ်ပိုပြီးထုံလွှမ်းလို့နေနေသည့်အခါ ဂယောင်ဆူးက ထိုအခြေအနေကိုနည်းနည်းရှက်ရွံ့နေဟန်ရှိသည်မို့ အိပ်ယာပေါ်ကနေ ချန်းမနိုးသေးခင်တိုးတိုးတိတ်တိတ်လေးထသွားဖို့ပြင်သည်။
သူ့ခါးပေါ်ကချန်းလက်တစ်ဖက်ကို ဖြေးဖြေးချင်းဖယ်ခွာချလိုက်ပြီး သူကမွေ့ယာအစွန်းကိုအားပြု၍လက်ထောက်လို့ထထိုင်ဖို့ပြင်သည်။ထိုအခါ သူ့တို့ရင်ဘတ်တွေကိုအတူတူလွှမ်းခြုံကာထားတဲ့ စောင်ထူထူလေးကခါးဆစ်နားထိလျောကျလို့သွားခဲ့သည်။ခြေထောက်နှစ်ချောင်းကိုကြမ်းပြင်ပေါ်သို့ဖွဖွလေးချရန်ပြင် နေဆဲမှာပဲ..ချန်းရဲ့လက်တစ်ဖက်က သူ့ခါးကိုအမိအရလာရောက်ဆုပ်ကိုင်လို့လာခဲ့သည်။
ချန်းက နိုးနေတာလား..
သူ အိပ်ယာထက်ကိုခေါင်းလှည့်ကြည့်မိတော့ သူ့ကိုပြုံးစစမျက်နှာနဲ့ကြည့်နေတဲ့ ချန်းမျက်နှာကိုသူမြင်တွေ့ရသည်။" ချန်း ကြည့်! နိုးနေတာကို၊
ကိုကို့ကို မပြောဘူး!"" ကိုကိုကရော ဘာလို့ကျွန်တော်မသိအောင် ထဖို့ပြင်နေတာလဲ! "
" အိပ်ယာနိုးမှတော့ ကိုကိုကအိပ်ယာထတာဆန်းသလား၊ချန်းကရော မထသေးဘူးလား ! "
" လိမ်နေတာ ကိုကိုကျွန်တော့်ကိုရှက်နေတာမလား "
" ချန်း!! "
" လာပါ မရှက်ပါနဲ့၊ရှက်ရမယ့်လူတွေမှ မဟုတ်တော့တာ၊ကျွန်တော်တို့ကလင်မယားအရာတောင်မြှောက်သွားပြီပဲ နော့..ကိုကိုရာ"
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Lãng mạnနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...