ချန်းကိုပွေ့ပိုက်ထားရင်း
သူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
နောက်ဆုံးအရေးပေါ်ကားကို အလျင်အမြန်ဖုန်းဆက်ခေါ်ပြီးမှ စိတ်မောစွာထိုင်ချမိသည်။သိပ်မကြာဘူး ရောက်လာတဲ့အရေးပေါ်ကားသံတွေရယ်၊လူတွေအသံတွေယ်အကြား သူကပျာယာခတ်စွာစိတ်ပူပင်လို့နေမိသည်။အရေးပေါ်ကားနဲ့အတူ သူကအတူလိုက်သွားပြီး ဆေးရုံရှိအရေးပေါ်ခန်းအပေါက်ဝအထိသူပါ တွန်းလှည်းအတူတွန်းရင်းပါလာခဲ့သည်။လူနာကအရေးပေါ်ခန်းထဲဝင်သွားပြီးကာမှ လူနာစောင့်နေရာမှာ သူကကတုန်ယင်လွန်းစွာထိုင်နေမိခဲ့သည်။ချန်း! အဆင်ပြေသွားမှာပါ..
အချိန်အချို့ကုန်ဆုံးသွားပြီးသည့်နောက် အရေးပေါ်အခန်းတံခါးကပွင့်ဟလာခဲ့သည်။ပြီးနောက် ချန်းကိုတင်လာသောလူနာတွန်းလှည်းလေး..သူအလျင်အမြန်ထရပ်လိုက်ပြီး ထိုလူနာတွန်းလှည်းလေးအနား သူပြေးသွားလိုက်သည်။
" ဒေါက်တာ လူနာအခြေအနေလေး!"
" လူနာရှင်လား "
" ဟုတ်ကဲ့ "
" ဒေါက်တာနဲ့လူနာအခြေအနေလေးဆွေးနွေးရအောင်၊လူနာအတွက် အခန်းသီးသန့်မရသေးတာကြောင့် လူနာကို စောင့်ကြည့်ခန်းထဲပဲ အရင်ထည့်ထားပေးပါ့မယ်"
" ဟုတ်ကဲ့ပါ ဒေါက်တာ ! "
ချန်းကိုစောင့်ကြည့်ခန်းထဲထည့်ဖို့ တွန်းသွားပြီးကာမှ၊သူက ဒေါက်တာ့အနောက်ကိုလိုက်လာခဲ့ပါတော့သည်။သီးသန့်ဆွေးနွေးခန်းထဲရောက်တော့ သူကဒေါက်တာအရှေ့က ခုံကိုဆွဲယူပြီးဝင်ထိုင်လိုက်သည်။
" လူနာရှင်က လူနာနဲ့ ဘာတော်ပါသလဲ"
" ဟို အကို အကိုပါ ဒေါက်တာ"
" အကိုလား "
" ဟုတ် "
" ဒါဆို ဒီအခြေအနေထိ၊ဒီလိုပုံစံအနေအထားထိ လူနာဖြစ်နေခဲ့တာကို အကိုက မသိဘူးလား "
" ဟို ကျွန်တော်က အဝေးမှာနေတာပါ ဒေါက်တာ၊အဲ့တာကြောင့် "
" အတူတူမနေဘူးပေါ့ "
" ဟုတ်ပါတယ် ဒေါက်တာ "
" အင်းပါ၊ကဲ ဒါဆို ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် "
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romansနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...