// 16 //

543 81 31
                                    

ချန်းကိုနားဝင်လောက်သည်အထိအေးဆေးပြောပြခဲ့တယ်။အိမ်တော်ထိန်းဦးလေးကိုလည်း ချန်းကိုပိုပြီးဂရုစိုက်ပေးဖို့မှာခဲ့တယ်။ပြီးတော့ ပါးပါးကိုလည်း နောက်ဆုံးအကြိမ်အဖြစ်ဂါရဝပြုခဲ့ပြီးပြီ။ပါးပါးစီက ပြန်ရလိုက်တဲ့လျော်ကြေးအဖြစ် သူ့acc. ထဲမှာ ဝမ်ပေါင်းများစွာဝင်လာခဲ့တယ်။

ဒါပါပဲ..ဒါလေးပါပဲ။

အရာရာဟာ ဟိုးအရင်အစကလို..
ပြီးတော့ နာကျင်ခြင်းတွေကအများအပြား..ပြိုလဲကျချင်စိတ်တွေက လက်တစ်ကမ်းအလိုမှာ..

တောင်းပန်ပါတယ် အရာအားလုံးအတွက်..အသုံးချခဲ့တာရော၊လိမ်ညာခဲ့တာရော၊ပြီးတော့ ချစ်စိတ်လေးအနည်းငယ်ဝင်သွားချင်ခဲ့မိတာရော စိတ်ရင်းနဲ့တောင်းပန်ပါတယ် ချန်း။

အဆင်ပြေသွားမှာပါ ဖိုက်တင်း..
ဒိုဂယောင်ဆူး ဖိုက်တင်း။

..................................................

" Ge ပြန်လာပြီ ! "

မနက်အစောကြီး ကွန်ဒိုအောက်မှာသူ့ကိုအေးအေးစက်စက်၊တောင့်တောင့်တင်းတင်းနဲ့တွေ့လိုက်ရတဲ့ ရှင်းရဲ့အသံကြောင့်သာ သူအကြာကြီးငုတ်ထိုင်နေခဲ့တာသတိရမိတယ်။အရင်တစ်ခါက ရှင်းထိုင်နေတဲ့အချိန်မှာ သူကဆွဲခေါ်လာခဲ့သလို သူပြိုလဲကျနေချိန်မှာလည်း ရှင်းကသူ့ကိုဘာမှမမေးဘဲဘေးမှာကပ်ထိုင်လို့နေနေပေးတယ်။

" Ge ထရအောင် အရမ်းအေးနေပြီလေ ! "

" Ge အပေါ်တက်ကျစို့လေ ! "

" Ge ! "

အုတ်ခုံလေးပေါ်အေးစက်စက်၊ဘာမှမပြောဘဲထိုင်နေတဲ့ကောင်လေးကို သူ့ရှေ့မှာမတ်တပ်ရပ်နေလို့တစ်မျိုး၊ဘေးမှာအတူနေပြီးထဖို့ပြောနေလို့တစ်မျိုး နောက်ဆုံးမြေပြင်ပေါ်ငုတ်တုပ်လေးထိုင်ချလိုက်ပြီး သူ့ရှေ့ကဝမ်းနည်းနေတဲ့ပုံနဲ့ Ge ကိုမော့ကြည့်ပြီး ထဖို့ပြောနေတဲ့ကောင်လေးကို မနက်အစောလမ်းထလျှောက်နေတဲ့သူကကွက်ကြည့်ကွက်ကြည့်နဲ့။

" Ge ! "

" Ge အရမ်းအေးနေပြီ ကျွန်တော်ပြော..."

" ရှင်း ! "

" အင်း ပြောကျွန်တော်ရှိတယ်! "

" ရှင်း !"

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now