// 25 //

674 71 59
                                    

အဝေးကကြည့်လိုက်ရုံနဲ့
တိတ်ဆိတ်ငြိမ်သက်လွန်းနေသော ပတ်အိမ်တော်က ခမ်းနားကြီးကျယ်လွန်းလှသည်။သို့ပေမယ့် အိမ်တော်ကြီးအောက်ထပ်မှာတော့ သခင်လေးတို့အတွက်မနက်စာပြင်ပေးနေတဲ့သူတွေ၊အိမ်သန့်ရှင်းရေးလုပ်နေတဲ့သူတွေရယ်၊ခြံဝန်းကျယ်ထဲ သန့်ရှင်းရေးလုပ်နေတဲ့သူတွေရယ် ကိုယ်စီကိုယ််စီလှုပ်ရှားသွားလာနေကျပါသည်။

ထိုအဖြစ်တွေနဲ့ ဆန့်ကျင်စွာအိမ်တော်အပေါ်ထပ်မှာတော့ တိတ်ဆိတ်ကာအေးချမ်းလို့နေနေသည်။ပတ်အိမ်တော်ရဲ့လေသာဆောင်မှာ ဂယောင်ဆူးကမတ်တပ်ရပ်လို့ ငေးနေမိသည်မှာအချိန်အတော်ကြာ။သူဝတ်ထားတဲ့ညအိပ်ဝတ်စုံအနက်ရောင်အရှည်လေးက တဖြတ်ဖြတ်နဲ့လေရူးအတိုင်းလွင့်နေလေသည်။လေသာဆောင်မှာရပ်နေရင်းခြံထဲကိုလည်းကြည့်တယ်။ခြံပြင်မှုန်ဝါးဝါးကိုလည်းငေးတယ်။ထို့အတူ ကောင်းကင်ပြာပြာကြီးကိုလည်း ငေးမိသလို၊တိမ်စိုင်တွေလည်းငေးတယ်။အင်း..ပြီးတော့ ပါးပါးကိုကျွန်တော်လွမ်းတယ်။

ထိုစဥ်အနက်ရောင်ကျွန်းတံခါးကြီးနဲ့ပိတ်ကာထားတဲ့အခန်းတွင်းထဲ လူတစ်ယောက်ကတလှုပ်လှုပ်နဲ့နှိုးလာသည်။ထိုလူကမထသေးဘဲမွေ့ယာပေါ်မှောက်ရပ်နေနေရင်း လက်တစ်ဖက်ကမွေ့ယာပေါ်ဟိုစမ်းဒီစမ်းနဲ့။

" ကိုကို.."

" ကိုကို..."

ခေါင်းအုံးထဲ နှစ်ဝင်နေတဲ့ဦးခေါင်းငယ်က ဆတ်ကနဲ..အလန့်တကြားခေါင်းထောင်လာပြီးနောက်တောင်ကြည့်မြောက်ကြည်နဲ့။သိပ်မကြာဘူး မွေ့ယာပေါ်ကနေ ဝုန်းကနဲ..ဆင်းပြန်၍အိပ်ခန်းကျယ်ကြီးထဲမှာ ပျာယာခတ်စွာဟိုကူးဒီကူးပြီးစရှာလေပါပြီ။ရေချိုးခန်း၊အဝတ်လဲခန်း၊စတိုခန်း၊အိပ်ခန်းဝရန်တာစသဖြင့် အကုန်ပတ်ရှာပြီးနောက် ထိုလူရင်ဘတ်ကြီးကနိမ့်ချီမြင့်ချီဖြစ်နေခဲ့သည်။

တစ်ဖန် အိပ်ခန်းတံခါးမကြီးဖြစ်သည့်အနက်ရောင်ကျွန်းတံခါးကြီးက ဝုန်းကနဲ..ပွင့်ဟလာပြီးနောက်၊ညအိပ်ဝတ်စုံအနက်ရောင်ဖရိုဖရဲနဲ့လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။တစ်ဆက်တည်းအသံခပ်ဆူးဆူး၊ခပ်သြသြအသံနဲ့အတူ စတင်ထွက်ပေါ်လာပါတော့သည်။

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now