ဒိုဂယောင်ဆူး POV:သူပထမဆုံးတွေမြင်လိုက်ရတာက
ဆေးရုံရဲ့မျက်နှာကျက်ဖြူဖြူတွေပဲဖြစ်နေပြန်တယ်။သူမသေသေးဘူးလား..ချန်းမရှိတဲ့နေရာမှာ သူအသက်မရှင်ချင်ဘူး။သို့ပေမယ့် ကံကြမ္မာကအဖန်တလဲလဲပြစ်ဒဏ်ပေးလာတဲ့အခါ သူကလည်းအဖန်တစ်လဲလဲအဆုံးစီရင်ဖို့တွေးရပြန်အုန်းမယ်။ဆရာဝန်ကြီးတွေရဲ့အမေးစကားတွေကို သူကအဖန်တလဲလဲဖြေပေးနေရအုန်းမှာပေါ့လေ။ထိုအခြေအနေတစ်ခုမှာပဲ သူ့အနားကို စိုးရိမ်တစ်ကြီးပြေးလာတဲ့ လူ၊သူ့ကို တင်းကျပ်စွာပွေ့ဖက်လာတဲ့လူ၊ထိုလူ့စီကရလာတဲ့ ကိုယ်သင်းနံ့နဲ့အနွေးဓာတ်က...
ထိုလူက သူ့ရဲ့ချန်းဖြစ်နေခဲ့ပါတယ်။သူ အားရပါးရရှိုက်ငိုကြွေးချင်တယ်.. ချန်းကိုဖက်ထားပြီးလေ။
သူ ဘယ်လောက်ထိချန်းကိုတမ်းတနေခဲ့ရသလဲ၊လွမ်းနေခဲ့ရသလဲ...ဘဝမှာအဆုံးစီရင်မှုတစ်ခုကြောင့် သူကပျော်ရွှင်ရလိမ့်မယ်လို့ သူလုံးဝမတွေးထင်မိခဲ့ဘူး။သူ့စိတ်ရင်းက ချန်းမရှိတဲ့ဘဝမှာမနေချင်ရုံလေးပါ။နောက်ဆုံးတော့ သူ့ကိုကံကြမ္မာကအခွင့်အရေးပေးလာခဲ့ပြီဖြစ်သည်။သူ ဒီအခွင့်အရေးကိုလက်လွတ်မခံနိုင်ဘူး၊အမိအရဖမ်းဆုပ်ကိုင်နိုင်ရမယ်။
ချန်းရဲ့ စိတ်မလုံခြုံမှုတွေ၊စိတ်ဒဏ်ရာတွေ ပြီးတော့သူတို့ရဲ့နာကျင်စွာပတ်သတ်ခဲ့တဲ့အကြောင်းအရာတွေက သူတို့နှစ်ဦးစလုံးအပေါ်အပြည့်အဝသက်ရောက်နေခဲ့တဲ့အခါ သူချန်းအနားမှာဆက်ရှိနေစေဖို့ သူဆက်လုပ်ရမှာက အတိတ်မေ့ပစ်ဟန်ဆောင်ခြင်း။
" မင်းက ဘယ်သူလဲ "
" ကျွန်တော်က ကိုကို့အမျိုးသားလေ "
ရုပ်တည်ကြီးနဲ့ သူ့ကိုဟန်ဆောင်နေတဲ့ လူသားလေးကိုကြည့်လို့ သူ့မှာအချစ်ပိုရတာပါပဲ။
" မောင် ? "
" အင်းဟုတ်တယ်၊ကျွန်တော့်ကို ကိုကိုကမောင်လို့ခေါ်ခဲ့တာ "
မောင်တဲ့လား..ချန်း။
ကောင်းပြီ ချန်းဖြစ်စေချင်သလို
ကိုကိုက သရုပ်ဆောင်ပေးမယ်၊ဖြစ်တည်ပေးမယ်နော်..ဒါပေမယ့်ကိုကို့အနားကနေတော့ ချန်းကဘယ်တော့မှထွက်သွားလို့မရဘူးနော် ချန်း။
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romansနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...