နောက်ဆုံးတော့ သူအကြောက်ရဆုံးအချိန်ကိုရောက်လာခဲ့ပြီ။
သူအကြောက်ရဆုံးအရာက
ကိုကိုက သူ့ကိုကြောက်ရွံ့နေမှာကိုပင်။ကိုကို့ကို သူသိပ်ချစ်တယ်။
သူက အလိမ်အညာတွေပေါများတဲ့လူတစ်ယောက်ဆိုပေမယ့် သူရဲ့မှန်ကန်သောသစ္စာစကားတစ်ခုတော့ရှိသည်။ထိုအရာကတော့ ဟိုးငယ်ငယ်ကလေးလေးဘဝကတည်းကနေ အခုထိသူကကိုကို့ကိုကြည့်ပြီးပဲ ရှင်သန်ခဲ့တာ၊ကြီးပြင်းခဲ့တာ၊ချစ်ခဲ့တာ..ပြီးတော့ပိုင်ဆိုင်ချင်ခဲ့တာ။သူ့အိမ်မက်က ကိုကို့ကိုပိုင်ဆိုင်ခွင့်ရဖို့၊
နိုးထလာတဲ့မနက်ခင်းတိုင်းမှာ သူ့ဘေးနားမှာ ကိုကိုရှိနေဖို့၊သူရှင်သန်ရတဲ့နေ့ရက်တွေမှာ သူအထီးကျန်ရမှာကိုကြောက်တယ်၊စွန့်ပစ်ခံရမှာကိုကြောက်တယ်၊ထားရစ်ခံရမှာကို ကြောက်တယ်၊ကိုကို သူ့ကိုမချစ်တော့မှာကို ပိုလို့ကြောက်မိတယ်။အခုအချိန်မှာတော့ သူ့အတွက်အကြောက်ရဆုံးအချိန်အခိုက်အတန့်တွေပေါ့လေ။ကိုကိုက သူ့ကိုထားသွားတော့မှာ၊ကိုကိုက သူ့ကိုမချစ်တော့ဘူး၊ကိုကိုက သူ့ကိုထိတ်လန့်စွာကြည့်နေပြီးကြောက်လန့်နေခဲ့တယ်။
သူ သေရမှာကိုမကြောက်ဘူး၊
ကိုကို သူ့ကိုရွံ့မုန်းတီးသွားမှာကိုတော့ သူ သိပ်ကြောက်တယ်။ကိုကို့လက်ကိုဆွဲယူခေါ်လာပြီး သူတို့အခန်းထဲကိုဝင်လာခဲ့တယ်။အနောက်ကိုလှည့်မကြည့်ရဲခဲ့ဘူး၊ကိုကိုမျက်ဝန်းတွေကို သူရင်မဆိုင်ရဲဘူး။သူ သိပ်ကြောက်တယ်..
အခန်းတံခါးကိုလော့ချပစ်လိုက်သည်။
ကိုကိုနဲ့ မျက်နှာချင်းဆိုင်လှည့်လိုက်ချိန်မှာ ကိုကို့မျက်ဝန်းတွေကမျက်ရည်တွေဝေ့သီနေခဲ့သည်။အတိတ်နေ့ရက်တွေက သူ့ကိုမျက်ဝန်းတွေပိတ်ကျသွားသည်အထိပြုံးရယ်ပြနေခဲ့တာ ကိုကိုမဟုတ်တော့တဲ့အတိုင်းပဲ။ကိုကိုကသူ့ကို ထိုမျှလောက်အထိ ကြောက်လန့်နေခဲ့တာလား။" ကိုကို့ကို ချစ်တယ် "
" ..... "
" ချစ်တယ်တောင်ပြန်မပြောနိုင်တော့ဘူးပဲ ကိုကိုကလေ အဟက်! "
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romanceနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...