VIP လူနာခန်းလေးထဲ ဆရာဝန်တွေနဲ့သူနာပြုတွေရှုပ်ယှက်ခတ်လို့နေနေသည်။ထို့အတွက်ကြောင့် အိမ်တော်ထိန်းဦးလေးနဲ့ သူကအနောက်နားလေးမှာ အတူတူမတ်တပ်ရပ်လို့နေနေမိသည်။လူနာကုတင်ပေါ် မှာ လူနာနံရံခေါင်းရင်းကိုမှီပြီးထိုင်နေတဲ့ လူနာရဲ့အကြည့်စူးစူးတွေက အနောက်နားကလူသားလေးစီမှာ ဖြစ်သည်။
ဆရာဝန်တွေက လူနာမှတ်တမ်းကိုကြည့်လို့ မေးမြန်းမှုများရှိနေသည်။ထိုအခါ လူနာကလည်းအကြောင်းတရားပေါ်မူတည်၍ ဖြေဆိုနေခဲ့သည်။သို့ပေမယ့် အာရုံအပြည့်စူးစိုက်နေမိခြင်းက အနောက်နားလေးစီက တစ်ယောက်သောသူစီမှာဖြစ်သည်။သူ့မြင်ကွင်းစက်ဝန်းကနေ ထိုလူသားပုံရိပ်ကွယ်သွားတာနဲ့ ချက်ချင်းခေါင်းစောင်းကြည့်ရုံမက တိမ်းကြည့်နေသည့်လူနာကြောင့် ဆရာဝန်များအဖွဲ့ကလည်း လူနာအခြေအနေကိုခပ်မြန်မြန်မေးမြန်းပြီး အခန်းထဲကပြန်ထွက်ဖို့ပြင်ရသည်အထိဖြစ်နေပြန်သေးသည်။
ဒီလူနာ အရမ်းကဲတယ်။
ဘယ်လိုဖြစ်လို့ အကို..ကိုမျက်စိအောက်ကအပျောက်မခံနေရတာလဲ သူတို့ သိပ်သိချင်ပါတယ်။လူနာခန်းထဲကဆရာဝန်တွေ ပြန်ထွက်သွားသည်နှင့် ကိုကိုနဲ့အိမ်တော်ထိန်းဦးလေးက လူနာကုတင်နားတိုးလှမ်းလာခဲ့သည်။
" ဦးလေး "
" ဟုတ် သခင်လေးချန်း! "
" ကျွန်တော် ကိုကိုနဲ့စကားပြောချင်လို့"
" ဟုတ်ကဲ့ပါ သခင်လေးချန်း "
ထို့နောက် VIP လူနာခန်းထဲကနေ နောက်တစ်ယောက်ကထွက်သွားပြန်ပြီ၊ကျန်နေခဲ့တာ သူနဲ့ကိုကိုနှစ်ယောက်တည်း။
" ကိုကို "
" အင်း၊ပြောလေ ချန်း "
" ရေဆာတယ် "
" အာ၊ဟုတ်သား ခဏနော်"
ကိုကိုကရေဗူးထဲကနေ ရေခွက်ထဲသို့ရေအချို့လောင်းထည့်သည်။တစ်ဖန်ပိုက်ချောင်းလေးထည့်ပေးပြီးနောက် သူ့ပါးစပ်နားတိုးကပ်လာသည်။သူလည်း ရေအရမ်းဆာနေသောကြောင့် ခပ်မြန်မြန်ယူသောက်လိုက်သည်။
" ရလား၊ဝလား နောက်ထပ်ယူအုန်းမလား ချန်း "
" ဟင့်အင်း၊တော်ပြီ ကိုကို "
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Storie d'amoreနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...