// 14 //

577 83 21
                                    


ဇန်နဝါရီလရဲ့အအေးဓာတ်က
ကြောက်ခမန်းလိလိ...
ပြတင်းတံခါးမှတစ်ဆင့် မြေပြင်ပေါ်သို့ကျဆင်းလာနေသည့် နှင်းဖြူဖွေးဖွေးတွေကို တစ်ပိုင်းတစ်စတွေ့မြင်နေရသေးသည်။

ဂယောင်ဆူးဘေးမှာ တနည်းအားဖြင့် သူ့ကိုဖက်ထားပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသောသူက အပြစ်ကင်းစင်လွန်းနေသည်။ချန်း နဖူးပေါ်ဝဲကျနေသောဆံနွယ်တွေကို သပ်တင်ပေးလိုက်ပြီးမျက်နှာလေးကိုငေးစိုက်လို့ကြည့်နေမိသည်။

သူ ဒီကောင်လေးကို သံယောဇဥ်ရှိတာ ဝန်ခံပါတယ်..ပြီးတော့သူကိုယ်တိုင်တောင်သတိမထားမိနိုင်သည်အထိ ဒီကောင်လေးအပေါ်ကို လွန်လွန်ကြူးကြူးသံယောဇဥ်ပိုမိပါသည်။သို့ပေမယ့်လည်း သူကလည်းသူ၊ကိုယ်ကလည်းကိုယ် တစ်ချိန်ချိန်မှာတော့ဖြင့် တစ်ယောက်နဲ့တစ်ယောက်မသက်ဆိုင်တော့တဲ့အနေအထားတစ်ခုဖြစ်သွားမယ်ဆိုတာ သူတွေးထင်နေမိပြီးသားပါ။သူဒီကောင်လေးကို သူ့အရှုပ်ထုပ်တွေထဲလည်း မခေါ်ရက်ခဲ့သလို ရွှေဘုံစံဘဝမှာရှိနေတဲ့ ဒီကလေးကိုလည်း သူဆွဲမချရက်ခဲ့ပါဘူး။

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးသည်နှင့် ခုနကမြင်တွေ့နေခဲ့ရသည့် နှင်းဖွေးဖွေးတွေရှိရာပတ်အိမ်တော်၏ခြံဝန်းထဲသို့သာဆင်းလာခဲ့တော့သည်။အောက်ထပ်သို့သူဆင်းလာသည်နှင့် ပျာယာခတ်စွာဆီးကြိုနေကျသောပတ်အိမ်တော်၏အလုပ်သမားများ..

" သခင်လေး မနက်စာစားတော့မလားရှင့် ! "

" မစားသေးဘူး ခဏခြံထဲဆင်းလိုက်အုန်းမယ် ! "

" ရှင် ဟုတ်ဟုတ် ! "

အိမ်တံခါးမကြီးအပေါက်ဝသို့ရောက်သည်နှင့် သူ့ရဲ့ Nike ဖိနပ်အမဲကိုထုတ်ယူစီးလိုက်ပြီးခြံဝန်းထဲလှမ်းဖို့ပြင်လိုက်သည်။ထို့အတူ တစ်လက်စတည်း အပေါ်ဝတ်အမဲအနွေးထည်ကိုရင်ဘတ်ကိုစေ့အောင်ဆွဲချလိုက်ပြီး အပြင်ဘက်သို့ထွက်ဖို့ပြင်သည်။ပေါ်နေတဲ့ ခြေတံသွယ်သွယ်တွေကိုတစ်ချက်ငုံ့ကြည့်မိပြီးမှ ညအိပ်ဝတ်ဘောင်းဘီတိုကိုလဲဝတ်ဖို့အခုမှသတိရမိသည့်အခါ..အပေါ်တက်ပြီးလည်း ဘောင်းဘီမလဲချင်တော့ဘူး။ထို့ကြောင့် ခဏတစ်ဖြုတ်ပဲလေဆိုပြီး အိမ်အပြင်ကိုခြေလှမ်းစလိုက်တော့သည်။

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now