" ထိုင်ပါ ! "" ဟုတ်ကဲ့ "
" Cafe 612 ရဲ့ပိုင်ရှင်ကခဗျားပေါ့လေ"
"ဟုတ်ပါတယ် ချန်း..အာ လူကြီးမင်း"
" ရပါတယ် အဆင်ပြေသလိုခေါ်ပါ..
ခဗျားက အခုအချိန်ထိပတ်အိမ်တော်ရဲ့အိမ်ထောင်စုစာရင်းထဲက မိသားစုဝင်တစ်ယောက်ပဲလေ ဟုတ်တယ်မလား "" မထုတ်ရသေးဘူးလား "
" ဘာကိုလဲ ! "
ထိပ်ဆုံးက ဆိုဖာပေါ်မှာအခန့်သားထိုင်နေပြီး သူ့ကိုမေးဆတ်ပြပြီးမေးနေသည့်ချန်းက ဟိုးအရင်ကလိုချာတိတ်အရွယ်လေးမဟုတ်တော့ပါ။အရာရာပြီးပြည့်စုံနေသည့် ယောကျ်ားတစ်ယောက်ပုံစံမျိုး၊ခန့်ညားမှုမျိုးနဲ့ ပြည့်စုံနေသည့်အခါ သူကကျေနပ်ပီတိ၊ဝမ်းသာပီတိလေးဖြစ်ရသေးတာပါပဲလေ။
" ဟို ဟို..အိမ်ထောင်စုစာရင်းထဲကလေ "
" ပါးပါးရဲ့ သားကြီးသိပ်ဖြစ်ချင်နေခဲ့တာမလား၊ရတယ် ထုတ်မထားဘူး၊အိုကေ! "
"အာ..အင်းပါ အဲ့တာဆိုလည်း၊
အလုပ်ကိစ္စလေးပဲ ပြောကျတာပေါ့!"" အင်း...ကောင်းပြီ!"
ထို့နောက်သူက စားပွဲထိပ်မှာထိုင်နေတဲ့ချန်းကို သူဖြစ်ချင်တာ၊သူသဘောကျနှစ်သက်တဲ့အစားအစာ စသဖြင့်ချန်းပြောသမျှကိုသူကဖုန်း Noteထဲချမှတ်လို့နေနေပါသည်။သူ့ကိုစူးစိုက်ကြည့်နေတဲ့ ချန်းမျက်လုံးတွေကိုရင်မဆိုင်ရဲစွာသူကဖုန်းမျက်နှာပြင်ထက်မှာပဲအကြည့်အပ်နှင်းထားခဲ့သည်။အချိန်တစ်ခုကြာသွားပြီးသည့်နောက် သူနဲ့ချန်းရဲ့မှတ်စရာNote အချို့ကကုန်သွားခဲ့ပြီဖြစ်သည်။ဘာဆက်ပြောရမှန်းမသိ၊ဘယ်ကစရမှန်းမသိတဲ့စကားဝိုင်းတစ်ခုက အေးစက်လွန်းနေသည်။နောက်ဆုံးတော့လည်း သူကချန်းရှေ့ကနေ၊ထိုအခြေအနေကနေ သူကရှောင်ထွက်သွားဖို့ပဲ တွေးမိခဲ့တာပါပဲလေ။
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romanceနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...