// 33 //

727 65 44
                                    


ကောင်းကင်ပြာပြာနဲ့တိမ်စိုင်ဖြူဖြူတွေကသူ့စိတ်ထဲမှာ ဒါမှမဟုတ်သူ့ဘေးနားမှာဝဲလွင့်နေခဲ့သလိုမျိုးဖြစ်တည်နေခဲ့တယ်။သူကိုယ်တိုင်ကလည်း ထိုတိမ်စိုင်ဖြူဖြူတွေအကြားမှာ အထူးပျော်မွေ့လို့နေနေခဲ့တယ်။

ဖျက်ကနဲ..ပွင့်ဟလာတဲ့အခါမျက်ဆံနက်နက်လေးတွေရဲ့အာရုံရောက်ရှိရာက၊တိတိကျကျပြောရရင် သူပထမဆုံးမြင်တွေ့လိုက်ရတာက မျက်နှာကျက်ဖြူဖြူတွေဖြစ်တယ်။

" သခင်လေး နိုးလာပြီလား ! "

ဟင်..သခင်..သခင်လေး။

သူ့မျက်ဝန်းနက်နက်လေးတွေက
အခန်းထဲမှာ ဟိုဝေ့ဒီဝေ့နဲ့ခပ်မြန်မြန်ရွှေ့လျားလှုပ်ရှားလို့ ဟိုကြည့်ဒီကြည့်နဲ့သိသိသာသာ အခန်းပတ်ဝန်းကျင်ကိုအကဲခတ်လို့ကြည့်နေခဲ့သည်။

" သခင်လေးဆေးရုံမှာရောက်နေခဲ့တာပါ! ဆရာဝန်တွေကို ဦးလေးသွားခေါ်လိုက်အုန်းမယ် ! "

လူနာသီးသန့်ခန်းထဲကနေ ထိုဦးလေးကခပ်သုတ်သုတ်လှမ်းထွက်လို့သွားခဲ့သည်။တိတ်ဆိတ်ခြောက်ကပ်နေတဲ့လူနာအခန်းထဲမှာ သူတစ်ယောက်တည်းကျန်ခဲ့သည်။သိပ်မကြာခင်ထိုဦးလေးနဲ့အတူ ဆရာဝန်ကြီးတွေသူ့အခန်းထဲကိုအတူရောက်ရှိလာခဲ့သည်။

လူနာကုတင်ကိုအောက်ခြေနားကခလုတ်ကိုလှည့်လိုက်သည့်အခါ လူနာကုတင်ကတဖြေးဖြေးထောင်မတ်လို့လာခဲ့သည်။ထို့ကြောင့် သူကလူနာကုတင်ခေါင်းရင်းကိုမှီလျက်ထိုင်နေမိလျက်အနေအထားကိုရောက်ရှိသွားသည်။ဆရာဝန်ကြီးများအဖွဲ့က သူ့ကိုခန္ဓာကိုယ်စမ်းသပ်မှုများအရင်ပြုလုပ်ကျသည်။ပထမဦးစွာ သွေးပေါင်ချိန်စမ်းတယ်၊ပြီးတော့နှလုံးခုန်သံကို စမ်းသပ်ပြန်တယ်။

" လူနာ ဒေါက်တာပြောတာကိုနားထောင်ပြီး မှတ်မိသလောက်ပြန်ဖြေပေး၊လှုပ်ရှားပေးမယ်နော်! "

" ဟုတ်ကဲ့ "

" ဒုန်း!!"

ထိုစဥ်ထိုအချိန်မှာပဲ လူနာအခန်းတံခါးငယ်က အလောတကြီးတွန်းဖွင့်ခံလိုက်ရခြင်းနဲ့အတူ လူတစ်ယောက်ရဲ့အသံစူးစူးနဲ့လူပါအတူဝင်ရောက်လာခြင်းကိုပါ အတူတူသူတို့ကြားသိမြင်လိုက်ရသည်။

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now