unicode (1)

135 19 3
                                    

လက်ထဲက ကော့တေး ခွက်ကိုအသာမော့လိုက်စဉ်မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသောသူကြောင့်
လက်ထဲမှခွက်ကိုအမြန်ချပီး DJတီးလုံးသံတွေ
ကြားတိမ်တွေပေါ်ရောက်နေသောလူအုပ်ထဲသို့ဝင်
ကာရွှေယောက်ဖကိုရှာရတော့သည်.. DJ နဲ့အနီး
ဆုံးနေရာမှာဒွန့်နေသော ကိုယ်တော်ချောကိုစကီနှစ်
ယောက်ကြားကဆွဲထုတ်ကာ ကခုန်နေတဲ့လူ
တွေကို တိုးဝှေ့ပီး ဘားကောင်တာဘက်ကို
ပြေးလာရသည်. အရှိန်ကောင်းနေတုန်းဆောင့်
ဆွဲခေါ်လာခံရတာကြောင့် နတ်ပြည်က ပြုတ်ကျ
လာသလို ဖြစ်နေသည့် Saint က သူ့လက်တွေ
ထဲမှရုန်းထွက်လိုက်ပီး...

"သေတော့မှာဘဲ.. ဘာဖြစ်တာလဲ မင်းနောက်ကို
ငရဲမင်းလိုက်လာလို့လား "

"အေး ငရဲမင်းလိုက်လာတာ ငါ့ဆီကိုတော့မဟုတ်
ဘူး မင်းနောက်ကို.. ဟိုမှာကြည့်လိုက် "

ဟင်... Mean လက်ညိုးညွှန်ရာကို ကြည့်ပီး
နောက် alcohol အနည်းငယ်ဝင်ထားသဖြင့်
ရီဝေဝေဖြစ်နေဆဲ feeling လေးတွေလည်းဆပ်ပြာပူဖောင်းတွေလို ပေါက်ထွက်သွားတော့သည်.

BABY.. ဒီနေရာကိုဘယ်လိုသိပီးလိုက်လာပြန်
ပီလည်း..
BABYရဲ့နောက်မှာ Mark ဆိုတဲ့ကေလးကို
တွေ့လိုက်ရမှ သူက သဘောပေါက်သွားရပီး မျက်နှာရံှုမဲ့သွားရကာ..

ကတောက်ခ်.. ဒီကလေးလက်ကလွတ်တဲ့ club
Bangkok မွာ မရှိတော့ဘူးလားကွာ..

Dancing floor အပြင်ကနေမျက်လုံးဝေ့ပီး
ရှာနေတဲ့ BABY ကစိတ်မရှည်တော့သည်ထင်
ကခုန်နေတဲ့သူတွေကြားဝင်ရှာဖို့ ပြင်နေတာကို
Mark ကအတင်းဆွဲထားတာကိုတွေ့ရသည်..
မျက်မှန်အပါးလေးကို တီရှပ်အဖြူမှာချိတ်ထားပီး
အိမ်နေရင်းချည်ကွက်ဘောင်းဘီရှည်ပွပွနဲ့ ဒူးဆစ်
အထိရှည်သော သိုးမွေးကုတ်ကို အပေါ်ကထပ်ဝတ် ထားတဲ့ BABY ပုံစံက စာကြည့်နေရင်း ထ
လာတဲ့ပုံပင်.. မျက်ခုံးထူထူတွေကို တွန့်ချိုးထားကာ အတော်ကြီးစိတ်ဆိုးနေဟန်ရတဲ့ BABY
သာ ခုနက သူဒွန့်နေတဲ့မြင်ကွင်းကို တွေ့သွားခဲ့ရင်
ဖြင့်.. ဆက်တောင်မတွေးရဲတော့.. ဆွဲခေါ်ထုတ်လာပေးတဲ့ ယောက်ဖတော်ရဲ့ကျေးဇူးကိုသာ
အခါခါချီးမွန်းရင်း..BABY တို့ Dancing floor ဘက်အာရုံထားနေတုန်း သူ့အနားမှာ
ရောယောင်ကာ ကုန်းကုန်းကွကွနဲ့ ပုန်းနေသော
ရွှေယောက်ဖကို အပြင်လစ်ထွက်ဖို့ မျက်စပစ်ပြ
လိုက်သည်။ ။ ။

My Little Mr.JWhere stories live. Discover now