Part 11

2.3K 238 65
                                    

ကျောင်းသန့်စင်ခန်း ကဘေစင်မှာ
လက်ဆေးနေရင်း ခေါင်းကိုအမော့
မှန်ထဲက ရုတ်တရက် မြင်လိုက်ရသော
ပုံရိပ်ကြောင့် Saint မှာလန့်ဖျန့်သွားရသည်

ဆံပင်ဘုတ်သိုက်နီကြောင်ကျား ပါဝါမျက်မှန်အထူကြီးနဲ့ .နံရံကို
မှီရပ်ပြီး အနောက်ကနေ စိုက်ကြည့်နေတာ
ိကိုဘယ်သူက မလန့်ဘဲ နေမှာလဲ.

Saint က လန့်သွားတာကြောင့် အနည်းငယ်
စိတ်တိုသွားရကာ ရေစိုနေတဲ့ လက်ကို
ထိုသူဆီ ခါထုတ်လိုက်ရင်း

"ဘာလို့ ငါ့နောက်မှာတိတ်တိတ်လေး
လာရပ်နေတာလဲ သေတော့မှာဘဲကွာ  "

"sorry...မင်းအရမ်းလန့်သွားလား ငါ
မင်းကိုဒါလေးပြန်ပေးချင်လို့ပါ"

အိပ်ကပ်ထဲကနေ အဝါနုရောင် ခေါက်ရိုးကျိုး
လက်ကိုင်ပုဝါ လေး အား ကမ်းပေး
လာသူကို Saint က တစ်ရှုးတစ်ရွက်ကို
ဆွဲယူကာ လက်သုတ်နေရင်းမှ..

" အော်.. အဲ့ဒါမင်းယူလိုက်လေ
အပိုင်ပေးလိုက်တာကို ဘာလို့ပြန်ပေး
နေသေးတာလဲ "

Saint ပြောလိုက်တော့ သူက ခေါင်းညိပ်ပြ
ပြီးလက်ကိုင်ပုဝါလေးကိုသူ့အိပ်ကပ်ထဲအသာ
ပြန်ထည့်လိုက်သည် ထို့နောက်သန့်စင်ခန်းထဲက
ထွက်ဖို့ပြင်နေတဲ့ Saintကို ခဏလေးဆိုပီး
အနည်းငယ်ရှေ့တိုးကာဟန့်တားလာတာမို့်
Saint က မျက်မှောင်ကုတ် ကာ ဘာလဲ
ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်သည်

"ဟို.. တကယ် တော့ ငါမင်းကို
ပြောစရာရှိလို့် "

ကြားသားမိုးကြိုး ...အတန်းထဲမှာရှိတယ်လို့
မထင်ရအောင် နောက်ဆုံးတန်းရဲ့ထောင့်စွန်း
မှာ အမြဲခွေနေတက်သော ပါဝါမျက်မှန်အထူကြီး
အောက်က မျက်လုံးတွေနဲ့ ဘယ်သူမှ 10s
ထက်အကြည့်ချင်းမဆုံးဖူးသော တေမိမင်းသား
ကပြောစရာရှိလို့ဆိုတော့ကာ Saint က
အနည်းငယ် အံ့အားသင့်မိတာမို့ငယ်ထိပ်ကို
လက်ညိုးလေးနဲ့အသာကုတ်လျက်.
စကားဝင်ထောက်ပေးလိုက်သည်..

" ဘာပြောမလို့လဲ..ပြောလေ "

ထိုကျောင်းသားက လွယ်ထားတဲ့ ကျောပိုးအိတ်
ကြိုးကို အကြောင်းမဲ့ဆွဲလိမ်နေရင်း

My Little Mr.JWhere stories live. Discover now