အိပ်ရာက နိုးလာပေမယ့်ခေါင်းထဲတဆစ်ဆစ်
ကိုက်ခဲနေတာကြောင့် မျက်လုံးတွေ
မဖွင့်နိုင်သေးဘဲနဲ့ ကုတင်ခေါင်းရင်းက
မျက်မှန်အမြဲတင်ထားတက်တဲ့ စင်လေး
ပေါ် လက်နဲ့ စမ်းလိုက်မိသည်..
သို့သော်လည်း လေဟာနယ်ကိုသာ ထိတွေ့
မိတာမို့ Mic ကမျက်လုံးတွေမှိတ်ထားဆဲ
မှ မျက်မှောင်ကျုတ်လိုက်မိ၏...ကျွတ်စ်..မျက်မှန်က..ဘယ်ရောက်နေတာလဲ
အား..ခေါင်းကလည်း ကိုက်ခဲနေတာဘဲကွာ....ကိုယ့်ခေါင်းကိုလက်ဖြင့်ဖိနှိပ်ရင်း တံတောင်ဆစ်
တစ်ဖက်ကိုအားပြုကာထမိတော့.." အော်...မင်းနိုးလာပီလားး. "
မရင်းနှီးတဲ့အသံကြောင့် မျက်လုံးတွေကို
အားယူကာဖွင့်ကြည့်လိုက်တော့ သူအိပ်
နေရာကုတင်နား လျှောက်လာသော..
ထောင်ထောင်မောင်းမောင်း လူတစ်ယောက်
ကိုမသဲမကွဲတွေ့ရသည်.မျက်လုံးတွေကို
လက်ဖဝါးနဲ့ ပွတ်သပ်နေတဲ့ သူ့ကို..
အနားရောက်လာတဲ့ ထိုသူက.." ရော့... ဒီမှာမင်းမျက်မှန် "
ကမ်းပေးလာတဲ့မျက်မှန်ကိုကောက်တပ်
လိုက်တော့ ကြည်လင်သွားတဲ့အမြင်
အာရုံကိုရမှ ကိုယ်ရောက်နေတဲ့ နေရာကို
ဝေ့ဝဲကာကြည့်မိသည်..
အစိမ်းရောင်နုနုခြယ်ထားတဲ့ အခန်းဟာ
သူနဲ့တကယ်ကိုအစိမ်းသပ်သပ်ဖြစ်နေသည်
ဘုရားရေ! သူဘယ်ကိုရောက်နေတာလဲ?
သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့လည်းမနေ့က
အဝတ်အစားတွေနဲ့ဘဲဖြစ်သည်. မနေ့က
ဆိုမှ Saint တို့နဲ့ club ထဲတူတူရှိနေခဲ့
တာကို အမှတ်ရသွားသည်.. သူအများကြီး
သောက်ခဲ့မိတယ်ထင်တယ်.. ပြီးတော့..
Saint ကို ငေးနေရင်း ......" ဟေးးး မင်းအဆင်ပြေရဲ့လား
ငါ မင်းတို့အတွက်ပျားသံပုရာတော့
အောက်မှာဖျော်ခိုင်းထားတယ်.. "မျက်မှန်တပ်ပီးကတည်းက သူ့ကိုယ်သူ
ငုံ့ကြည့်လိုက် အခန်းပတ်ပတ်လည်ကို
မျက်လုံးအပြူးသားနဲ့ လျောက်ကြည့်လိုက်
လုပ်နေတဲ့ ကောင်လေးကို Ren က
ကြည့်ကာ ရယ်ချင်လာသည်..သူ့စကားသံကိုကြားမှ မော့ကြည့်လာ
သောကောင်လေးက မျက်လုံးတွေ
ဝိုင်းရာမှ ပြူးသွားပီး ခေါင်းအုံးတစ်လုံး
ကို ဖျတ်ခနဲဆွဲယူပိုက်ထားလိုက်ကာ
သူ့ဆီ လက်ညိုးတထိုးထိုးဖြင့်..