unicode (2)

84 19 2
                                    

လက်ထဲက ပုဇွန်ဆန်ပြုတ်ချိုင့်ကို သတိထားကိုင်
ရင်း အုတ်တံတိုင်းဘေး ခြံနှစ်ခြံကို ဆက္ထားတဲ့
တံခါးပေါက်မှ BABY တို့အိမ်ဘက် ကူးလာခဲ့
သည်. Breakfast ဝိုင်းမှာတော့ ပေါင်မုန့်တစ်ချပ်ကိုဝါးရင်း စာထိုင်ဖတ်နေတဲ့ BABY ကို
တွေ့ရသည်.. မီးဖိုခန်းကနေ စွပ်ပြုတ်အိုး နဲ့ ထွက်
လာတဲ့ BABY မေမေက သူ့ကိုမြင်သွားပီး..

" Saint လေး အဲ့ဒီမွာ ဘာရပ်လုပ်နေတာတုန်း
ဝင်လာလေ သားရဲ့ "

သူက BABY မေမေကို ရယ်ပြလိုက်ကာ လက်ထဲက ချိုင့်ကိုမြှောက်၍..

" ဒီမှာလေ မေရဲ့ BABY အတွက် ပုဇွန်ဆန်ပြုတ် လာပို့ပေးတာ "

" အမေလး BABY တွက်ဆိုတော့ မေ့ဖို့ မပါဘူးပေါ့ "

" အာာ.. အဲ့လို မဟုတ်ပါဘူး မေ့ဖို့ရောပါတယ်
အများကြီးယူလာတာ "

ချိုင့်ထဲက အပေါ်ဆင့်ကို မေ့အတွက် ဦးဖယ် ပေးလိုက်ပီး အောက်တဆင့် ကိုဇွန်းတပ်ကာ
BABY ရှေ့ချပေးလိုက်သည်... သူစဝင်လာ
ကတည်းက အဖက်မလုပ်ဘဲ မုန့်စားမပျက် စာဖတ်မပျက်တဲ့ BABY က အခုလည်း ကြိုက်လှပါချည်ရဲ့ ဆိုသော ပုဇွန်ဆန်ပြုတ်ကိုတောင် ငဲ့မကြည့်..
ပုံမှန်မဟုတ်တဲ့ သူတို့နှစ်ယောက် အခြေနေကိုရိပ်မိသွားတဲ့ မေ က ဘာဖြစ်ကြပြန်ပီလဲ ဆိုသော
သဘောဖြင့် မေးငေါ့ပြလာတာမို့.. သူက
အသာ သွားဖြဲကာ မေ့ကို လက်ညိုးတစ်ချောင်း
ကွေးပြလိုက်သည်...

သူက ဇြဲမေလ်ာ့ဘဲ BABY လက်ထဲက ကိုက္လက္စ ပေါင်မုန့်အပိုင်းလေးကို ဆတ္ခနဲဆြဲယူ
ကာ ပါးစပ်ထဲ ထည့်ဝါးလိုက်ပီး...

"စားပါ BABYရယ်. ဒီဆန်ပြုတ်ကို P' ပြုတ်လာတာမဟုတ်ပေမယ့် အိုးထဲကေန ဒီချိုင့်ထဲ
P' ကိုယ်တိုင်ထည့်လာတာသိလား. "

သူ့စကားကို မေက ရယ်နေပေမယ့် ဘေးက ကလေးလူကြီးကတော့ ဆန်ပြုတ်ထဲမှာ အိပ်ပျော်နေတဲ့ ပုဇွန်ထုပ် တစ်ကောင်ကို ဇွန်းနဲ့ ဇြက္ခနဲ
ခေါင်းတစ်ခြား ကိုယ္တျခား ဖြစ်အောင်ဖဲ့ပစ်လိုက်
ပီး စားပွဲကထသွားတော့သည်..

"BABY ရယ် စိတ်မဆိုးပါနဲ့တော့ P' နောက်တခါမသွားတော့ဘူး ကတိပေးပါတယ်ဆိုမှ "

ကုတင်ပေါ်မှာထိုင်နေတဲ့ သူ့အနားကိုအတင်းကပ်
ရင်ဘတ်ထဲ မရမကဝင်တိုးနေသော ချစ်ရသူကို
ငုံ့ကြည့်ပီး သက်ပြင်းငွေ့ငွေ့ချမိသည်..
ပုလဲငွေဥရောင်လိုကြည်လင်နေသောအသားရည်
ပန်းဆီသွေးလွှမ်းတဲ့ ဖောင်းနုနုပါးပြင်..ချယ်ရီဖူး
နှုတ်ခမ်းလုံးလုံးးလေးနဲ့ ဘုရားစူး သူ့ထက် ၂ နှစ်
ကြီးသော ကော်ရုပ်လေးကို သူကမြတ်နိုးလွန်းစွာ.
အရူးမူးဘဲ ချစ်ရသည်..မိဘချင်းကလည်း စီးပွားဖက် ပါတနာတွေ ချစ်သူဖြစ်ပီးသိပ်မကြာ ဘေးခြံကို
P'တို့မိသားစုပြောင်းလာရာမှ သူတို့ပတ်သတ်မှုကိုလည်း လူကြီးတွေသိသွားရသည်.. ငယ်လွန်းသေးတဲ့အရွယ်တွေမို့ အနည်းငယ်သတိပေးပီး.
သဘောတူပေးထားကြတာကြောင့်လည်း.. သူတို့
နှစ်ယောက်ဟာ သာမာန်အချိန်တွေဆို တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်ကြသည်.. အင်း အခုတလောတော့
သူက ဝင်ခွင့်ဖြေဖို့လုံးပန်းနေတာရော ဖေဖေ့အလုပ်မှာ အခြေခံကနေ နည်းနည်းချင်း စပီးလေ့လာနေတာကြောင့် P'အနားမွာ အားတိုင်းအရင်လို
အချိန်ပြည့်မနေနိုင်တော့..

သူ့ရဲ့ချစ်လှစွာသောP'ကလည်း တက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားတာရော သူအနားမှာမရှိချိန်တွေရော အခွင့်ကောင်းယူပီး P'mean တို့နဲ့
တူတူ ကားပြိုင်မောင်းတာတွေ club တက္တာ
တွေလုပ်ပီး ယွစကီးထချင်လာသည်...

" BABY ရေ စိတ်ဆိုးနေသေးရင်လည်း စိတ်ဆိုးနေတယ်ပြန်ပြောပါဦး . ကျောက်ရုပ်ကြီးဖြစ်သွားပီလား..နောက်မသွားတော့ဘူးလို့ပြောနေတယ်လေ "

ဒီမျက်နှာလေးကိုမညိုးအောင်ချစ်ပေးခဲ့တော့...
ချော့နေရင်း သူကစိတ်ပြန်ကောက်ချင်နေတယ်..
နားသန္သီးတစ္ဖက္ကို လာဆွဲရင်း အသံလေးက
ဆူအောင့်အောင့် နဲ့.. ထွက်လာတယ်.

သူ့နားဆီက P'ရဲ့လက်ကိုလှမ်းယူလိုက်ပီး သူ့လက်ထဲ ထွေးဆုပ်ထားရင်းမှ..

" P' ပီးခဲ့တဲ့တစ်ခေါက်ကလည်း ဒီလိုဘဲပြောခဲ့တာဘဲလေ..P'ကို ကျွန်တော်က ချုပ်ချယ်သလို
ဖြစ်နေတယ်ဆိုပေမယ့် အဲ့ဒါ P'ကိုစိတ်ပူလို့
အရမ်းချစ်လို့..P' အဲ့ဒါကိုရော ခံစားမိရဲ့လား "

"သိပါတယ္ဆို BABY ရယ် နောက်တခါ Ai'
Mean တို့ဘယ်လိုခေါ်ခေါ် လုံးဝ..
မသွားတော့ဘူးနော် ဒီလိုမျိုးလုံးးဝဘဲ "

လက်နှစ်ချောင်းကိုယှက်ကာ.ကြက်ခြေခက်ပုံလုပ်ပြတဲ့ သူ့ကို BABY က ကြည့်ပီးရယ်ချင်ဟန်ဖြင့်
မျက်နှာကိုတစ်ဖက်လွှဲသွားသည်.. သူခေါ်လို့သာ
အဖော်လိုက်ပေးရတဲ့ Mean ကေတာ့ ဒီစကားကိုကြားလျှင် သူ့ကိုလည်ပင်း လာညစ် ပေလိမ့်မည်..sorry ပါယောက်ဖရေ..

" ကဲ စိတ်ဆိုးပြေပီဆိုလည်း ဒီမျက်ခုံးကြီးကို ကုပ်
မထားနဲ့တော့ ငယ်ငယ်လေးနဲ့ အရေးကြောင်းတွေ
ထလာတော့မယ် "

တွန့်ကုပ်ထားဆဲမျက်ခုံးထူထူတို့ကို လက်မနဲ့လက်ညိုးသုံးပီး ဖြေပေးနေတဲ့ P'ရဲ့ လက္သြယ္သြယ္ကို ဆြဲယူလိုက္ပီး နီရဲနေသော လက်ဖနှောင့်လေးကို တချက် ကိုက်ပစ်လိုက်တယ်.

"အ.. ဘာလို့ကိုက်တာတုန်း နာသြားပီ "

"နာပါစေ ပေါ့ နာအောင်ကိုက်တာဘဲဟာ "

မကျေမနပ်နဲ့နှုတ်ခမ်းထော်သွားတဲ့ လူသားလေးကို ရင်ခွင်ထဲဖမ်းထည့်လိုက်ပီး စိမ့်ပန်းဆီရောင်
ပါးပြင်နုနုပေါ် အကြင်နာတွေ နင့်စေလိုက်တယ်
ဘာဘဲဖြစ်ဖြစ်သူသိလိုက်တာက နှစ်ဆယ်ကျော်
ငါးနှစ်ပတ်လည်မှာ ဂေါ်လီလုပ်ချင်နေတဲ့ P'ကို
လုံးဝ လွှတ်ထားလို့မရတော့ဘူးဆိုတာဘဲ...

TBC




















My Little Mr.JWhere stories live. Discover now