unicode (7)

82 17 1
                                    

ဖြေရှင်းချက် တစုံတရာပေးရန်ပွင့်အာ
လာသော နှုတ်ခမ်းဖူးအိအိ လေးဟာ
သူ့နှုတ်ခမ်းတွေရဲ့ အတင်းကြပ်ဖိမိုးမှု
အောက်မှာ မွန်းကြပ်စွာလူးလွန့်နေရှာသည်

တကယ် သူဘာမွ မကြားချင်တော့ဘူး
သူရူးမတက် မြတ်နိုးရတဲ့ P' ကို
တစိမ်းတစ်ယောက်က စေ့စေ့ကြည့်တာ
တောင်မကြိုက်တာ.ဒီကိစ္စကို ဘယ္လို
သည်းခံပေးရမလဲ.. P'တို့ကျောင်း major
page က တက်လာတဲ့ပုံတွေ ကိုမြင်လိုက်
ရတဲ့ တစ္ခဏဟာ ရင်ဘတ်ထဲကို မီးစ
ပြင်းပြင်းနဲ့ဆောင့်ထိုးလိုက်သလိုဘဲ..

Perth ကအမြဲအူယားစရာကောင်းအောင်
နီထွေးနေတက်သည့် အောက်နှုတ်ခမ်း
တွဲတွဲလေးကို အနည်းငယ် အားသုံးကာ
ဖိကိုက်ပစ်လိုက်သည်.
မျက်အိမ်ဝိုင်းဝိုင်းလေးရဲ့ထောင့်စွန်းက
သွယ်ဆင်းလာတဲ့ မျက်ရည်ကြည်တစ်စက်ကို
သူ့ပါးနဲ့ ပြတ္သုတ္ပစ္လိုက္ပီး..
အသက်လုရှုနေတဲ့ မျက်နှာရဲရဲလေးကို
လက်မနဲ့လက်ညိုးကြားမှာ ဖမ်းချုပ်ထား
လိုက်သည်..

"ဘယ်ကောင်မလေးရဲ့ လက္က
အနူးညံ့ဆုံးလဲ "

"ဟင့်အင်း.. မသိဘူး."

သူ့လက်တွေထဲက ပြည့်စုံလွန်းတာထက်ပိုသော
ဒီမျက်နှာနုနုကို လက်သည်းလာပြင်တဲ့
မိန်းမ ဘယ်နှစ်ယောက်ကများ တပ်မက်
စိတ်နဲ့ကြည့်နေခဲ့မလဲ.. သဝန်တိုဒေါသက
အစိုးမရစြာ သွေးကြောမြမြတွေ သန်းတဲ့
ပါးစောင်း တစ်နေရာကို အားနဲ့ ငုံခဲလိုက်
တော့ နာကျင်မှုကြောင့် P' ကတချက်တွန့်
သွားပေမယ့်.နည်းနည်းလေးမှ မရုန်းဘဲ
သူ့ပခုံးတွေကိုသာ တင်းတင်းဖက်တွယ်
ထားသည်..

" P' က ကျွန်တော့အပိုင်ဘဲ..
နောက်တစ်ခါဆို လုံးဝခွင့်မလွှတ်ဘူးနော်.."

သူ့အောက်မှာ တုန်ရီနေတဲ့ မျက်ဆံနက်လေး
တွေကို စိုက်ကြည့်လိုက်ရင်းး
"နာသြားပီ လား "

အကွက်လိုက်ရဲတက်လာသော ပါးစောင်း
ကကိုက်ရာ ကို ဖွဖွတို့ထိကာမေးမိတော့.
အသာခေါင်းယမ်းပြပီး သူ့နှုတ်ခမ်းတွေကို
မော့ နမ်းလာသည်..

အမြဲတစေချိုမြ နေတက်သော နှင်းဆီဖူး
လေးကို အလိုက်သင့် ထွေးငုံလိုက်ရင်း
မဆုံးနိုင်သော အကြင်နာတွေကို ကြဲချမိ
တယ်။ ။

My Little Mr.JWhere stories live. Discover now