မနက်ကတည်းက Nail Art tutorial တွေ
လိုက်ကြည့်နေတဲ့ Saint က ကြာတော့ခေါင်း
တွေပါကိုက်လာရသည်..စားပွဲပေါ်မှာ သူ့အစွမ်းနဲ့
လက်သည်းဆိုးဆေးရာ ဗလပွပေနေတဲ့
အရုပ်လက် တစ်ဖက်ကလည်း ရုတ်တရက် အခန်
ထဲဝင်လာတဲ့သူရှိရင် လန့်အော်ရအောင် လှပနေ
သေးသည်..စိတ်ညစ်ညစ်နဲ့ မွှေ့ရာပေါ်ပစ်လှဲလိုက်ရင်း တစ်ဦး
တည်းသော ရွှေယောက်ဖဆီ ဖုန်းခေါ်လိုက်သည်.
တစ်ပတ်တခါလောက် spa သွားတက်တဲ့
Ai'Mean ကတော့ သူ့လို အပူသည် ဖြစ်နေမှာမဟုတ်..
တတူတူနဲ့ ဝင်သွားတဲ့ဖုန်းက စက္ကန့်ပေါင်းများစွာ
ကြာပီးတဲ့နောက်မှ." Ai'Saint မင်းကတကယ့် ဆင်ဆာဘဲနော်
ကောင်းခန်းရောက်မှ ဖုန်းဆက်လာတယ် ဒါဘဲ
ဟေ့ရောင်.. ငါနောက်မှ ပြန်ခေါ်လိုက်မယ် "ဖုန်းခေါ်တဲ့သူကို ဘာတစ်ခွန်းမှပြောခွင့်မပေး..
သူ့ဟာသူပြောချင်ရာပြောပီး ဖုန်းချသွားသော.
ယောက်ဖ အကောင်းစားကို မကြားရမှန်းသိတာ
တောင် လှမ်းဆဲမိသွားသည်..အားးး..ဒီပတ်သက်နဲ့ ကိစ္စပီး ဘယ်လိုလုပ်ရမှန်း..
တကယ်မသိတော့ဘူး...ဒေါက်..ဒေါက်..
"P'ရေ.. "
ဟိုက်.. BABY လာပြီ.
တံခါးခေါက်သံနဲ့အတူထွက်လာသော BABY
အသံကြောင့် မွှေ့ရာပေါ်မှာ လူးလိမ့်နေရာမှ သတိ
ဝင်လာပီး. ကုန်းရုန်းထကာ စားပွဲပေါ်က လက်သည်းဆိုးဆေး ဘူးတွေနဲ့ တိုလီမုတ်စပစ္စည်းတွေ
ကို ဂွမ်းစောင်ထဲပစ်ထည့်လိုက်သည်.. ဒီကြားထဲ
အရုပ်လက်ကြီးတစ်ဖက်ကို ဘယ်မှာထားရမှန်း
မသိဘဲတိုင်ပတ်နေပီးတော့မှ..ကုတင်အောက်ထဲ
ကန်သွင်းကာ ကိစ္စချောစေပီး အခန်းတံခါးကို
သွားပြေးဖွင့်ရသည်.. တော်ပါသေးရဲ့ lock
ချထားမိလို့...."ဘာလုပ်နေတာလည်း. တံခါးလာမဖွင့်ဘဲနဲ့ "
မိုးပြာရောင်ဂျင်း ကို အနက်ရောင်ရှပ်လက်ရှည်
တစ်ထည်နဲ့ တွဲဝတ်ထားတဲ့ မင်းသားက အလိုမကျသလို မျက်မှောင်ကုတ် ရင်းမေးလာတာမို့
သူက သွားဖြဲပြလိုက်ရင်း.." သန့်စင်ခန်း ဝင်နေလို့ . BABY စက်ရုံ.
လိုက်သွားမလို့လား "