နှစ်နာရီနီးပါးစာကြည့်စားပွဲမှာထိုင်ပီးနောက်
ညောင်းကိုက်လာတဲ့ ဇာတ်ကြောတွေကို
ဘယ်ညာချိုးရင်း ခါးရိုးဆန့်မိသည်.
စာမေးပွဲက မနက်ဖြန်နောက်ဆုံးနေ့ဆိုတော့
ဒီညအဖို့ ညောင်းလည်း ဆက်ကြည့်ရမှာ
.ဖြစ်သည်.အေးစက်နေပြီဖြစ်သည့် ကော်ဖီခွက်ကို
ကောက်မော့ကာ ခဏနားနေတုန်း
အခန်းတံခါးခေါက်သံကြားလိုက်ရတာမို့
သူက ကော်ဖီခွက်ကို ချကာ တံခါးသွားဖွင့်
လိုက်တော့ အခန်းဝမှာ အပြင်ကပြန်လာပုံ
ရတဲ့ BABY က နွမ်းလျလျမျက်နှာနဲ့
တံခါးဘောင်ကို မှီရပ်နေတာကို တွေ့လိုက်
ရသည်"BABY ဘယ်ကပြန်လာတာလဲ
မျက်နှာလည်း မကောင်းပါလား "BABY လက်ဖျားကိုအသာဆွဲကာ အခန်း
ထဲခေါ်သွင်းရင်း သူ့စာကြည့်ခုံမှာ
ထိုင်စေလိုက်သည်. BABY က
သူ့စာကြည့်ခုံကို တစ်ချက်ဝေ့ကြည့်ကာ" P' စာလုပ်နေတာကို ကျွန်တော်
လာနှောင့်ယှက်မိပီ ထင်တယ် "" မဟုတ်ပါဘူး P'ခဏနားနေတာဘဲလေ
BABY နေကောင်းရဲ့လား ပင်ပန်းနေ
သလိုဘဲ "Perth က သူ့နဖူးကိုအသာစမ်းကြည့်နေ
တဲ့ Saint လက်ကို ဆွဲယူလိုက်ပီး
ပါးမှာအပ်ထားလိုက်သည်
သူ့ကိုစိုးရိမ်မကင်းစွာငုံ့မိုးကြည့်နေသော
မျက်ဆံတောက်တောက်လေးတွေထဲကို
နူးညံ့စွာ စိုက်ကြည့်မိရင်း သူနဲ့ ပိုနီးကပ်
သွားစေရန် P'ခါးလေးကို လက်တစ်ဖက်
နဲ့ ရှေ့ကို ဆွဲယူပွေ့လိုက်သည် .." P' ကျွန်တော်မနက်ဖြန် Korea ကို
သွားရမယ် "သူ့စကားကြောင့် P'ကမျက်လုံးလေးတွေ
ဝိုင်းသွားပီး..."ဘယ်လို ရုတ်တရက် ကြီး "
"ဟုတ်တယ် ဖေ့ကိုယ်စား meeting
တစ်ခုသွားတက်ပေးရမှာ ကျွန်တော်က
P'ကိုပါခေါ်သွားချင်ပေမယ့်ဘယ်လိုလုပ်မလဲ
P'က စာမေးပွဲရှိနေတော့ ""ဘယ်နှစ်ရက်ကြာမှာလဲ BABY က "
" သုံးလေးရက်လောက်ဖြစ်သွားမယ်
ထင်တယ် meeting ကနှစ်ရက်
ဆိုတော့ ဒီလိုလုပ်လေ P'စာမေးပွဲပီးရင်
လိုက်ခဲ့ ကျွန်တော် လေယျာဉ်လက်မှတ်
စီစဉ်သွားပေးမယ် "