ရှေ့ကနေသွားနေတဲ့Meanကရုတ်တရက်ရပ်လိုက်တာမို့ လမ်းလျောက်ရင်း BABY နဲ့
Line မှာ chatနေတုန်း ခလုတ်တိုက်မိ
မှာစိုးလို့ Mean ခါးပတ်ကိုနောက်ကဆွဲထား
တဲ့ သူလည်း Meanရဲ့ကျောနဲ့ သူ့ခေါင်းနဲ့
မိတ်ဆက်သွားရတယ်.. နဖူးနာသွားပေမယ့်
မဆဲအားသေး တဖက်ကကိုယ်တော်လေးရဲ့
အကြင်နာ တီတီတာတာ စကားတွေကို
seen ဖြစ်ပီး ပြန်မပြောရင် ရစ်ခံထိမှာစိုးလို့
တစ်ကြောင်းမှအလွတ်မပေးဘဲစာပြန်နေရတယ်."ကဲ. ကြည့်စမ်းပါဦးကွာ ကျက်သရေရှိလှတဲ့
ငါတို့ကျောင်း ပရဝဏ်မှာ ဒီလိုမြင်ကွင်းမျိုး
ဖြစ်သင့်လား ""မဖြစ်သင့်ကြောင်းပါ "
စာတစ်သံပေတစ်နှောနဲ့ပြောတဲ့ Mean နောက်
Title ကစပ်ဖြဲဖြဲ follow လိုက်နေတယ်
Saint ကနှုတ်ခမ်းပုံစတစ်ကာတွေ မွစိတက်
အောင်ပို့လာတဲ့BABY ကို အသဲတွေထထော
ကြီးပြန်ပို့ပေးလိုက်ရင်း Mean နောက်ကနေ
အရှေ့ကိုခေါင်းလေးစောင်းပီးကြည့်လိုက်တယ်မြင်ကွင်းကတော့ အထက်တန်းကျောင်းတုန်းက
မကြာခဏတွေ့ရလေ့ရှိတာမျိုး..
စိတ်ဓာတ်လူစဉ်မမှီတဲ့ ကောင်တွေကတော့
ဒီအကျင့်ဆိုးကို တက္ကသိုလ်ထိသယ်လာသေးတယ်..
အနိုင်ကျင့်ပိုက်ဆံတောင်းခံ ရတဲ့သူလို့ယူဆရ
တဲ့သူက Saint တို့အခန်းကဖြစ်ပီး
တဖက်ဂျပိုးကောင်တွေကိုတော့ မျက်မှန်းပင်
မတန်းမိ..Title ကသောက်လက်စလိမ္မော်ရည်ဘူးကို
ထိအုပ်စုဆီပစ်ပေါက်လိုက်ပီး"ရုပ်ရှင်ရိုက်နေကြတာလား Brother တို့"
ချိုစောင်းကိုခွပ်ခနဲလာမှန်သော သံဘူးမှ
စီးကျလာတဲ့ အချိုရည်အေးစက်စက်တွေက
ပခုံးတစ်ဖက်လုံးရွဲရွဲစိုသွားတာမို့ သူဋ္ဌေးသား
ငတုံးကောင်ကိုမဲနေရာမှ Jackကအသံ
လာရာဘက်သို့ကြည့်လိုက်မိတော့
ငတုံးကောင်နဲ့တခန်းထဲဖြစ်တဲ့ Hot boy
သုံးယောက်ကိုတွေ့ရသည်.. လေးငါးယောက်
ရှိတဲ့ သူတို့အုပ်စုကို ဂရုမစိုက်ဘဲ
အေးအေးဆေးဆေးလျှောက်လာကြပီး
တစ်ယောက်ဆို ဖုန်းပင်အကြည့်မပျက်..
ထိုလူတွေနဲ့ ပြဿနာဖြစ်ပါက မော်ကွန်းထိန်း
ရုံးမရောက်ခင် သူတို့ fan ဆိုတာတွေရဲ့
လက်ချက်ဖြင့် ကျောင်းမှာ ထမင်းစား
ရေသောက် ခက်ခဲနိုင်တာမို့ လက်ထဲမှာ
အဝတ်စလိုပျော့ခွေနေတဲ့ ကောင်ကိုခပ်ကြမ်း
ကြမ်းတွန်းထုတ်လိုက်ရင်း..