Perth က အလုပ်ဆင်းတာနဲ့ P'ကြိုက်
တဲ့ မုန်လာဥမုန့်ကို ဝယ်၍ P'တို့အိမ်ဘက်
အရင်ဝင်လာခဲ့သည်. တစ်နေကုန် ဖိစီးလာရ
သော stress တွေကြောင့် အမောပြေ
လေးနဲ့ အမောဖြေ ချင်ပေမယ့် ချစ်လှစွာသော
အသည်းနှလုံးသည်ကား အိမ်မှာမရှိ.
အိမ်အကူ ကောင်မလေးတစ်ယောက်က
သူ့လက်ထဲက မုန့်ထုပ်ကို လာကူယူ
ပေးရင်း သတင်းပေးလာသည်.
အစ်ကိုလေး နေ့လည်တည်းက
အပြင်ထွက်သွားသည်တဲ့ဖုန်းခေါ်ကြည့်တော့လည်း
လူကြီးမင်းနဲ့သာ တိုးနေသည်မို့
သူက သက်မောတစ်ခု သာချမိသည်
P' တစ်ယောက်ဟာလေ
နည်းနည်းမှ လွှတ်ထားပေးလို့မရဘူး...အလုပ်မှာ မပြီးပြတ်လာတဲ့ ကုန်ကြမ်း
ပစ္စည်းစာရင်းတွေထဲ အာရုံစိုက်နေသော
သူ့အရှေ့ကို သံပုရာရည် အေးအေးလေး
တစ်ခွက်ရောက်လာပီး တဆက်တည်း
နားထင်ဆီကို ခပ်ဖွဖွ နှိပ်ပေးလာသော
နူးနူးညံ့ညံ့ လက်ချောင်းတွေရဲ့ အထိတွေ့
ကို ခံစားလိုက်ရသည်. သူက မော့မကြည့်ဘဲ
လက်လေးတစ်ဖက်ကိုဖမ်းယူကာ. ဆွဲချ
လိုက်တော့ မွှေးအိနေတဲ့ ခန္ဓာကိုယ် လေး
တစ်ခုက ပေါင်ပေါ် အလိုက်သင့် ပြုတ်ကျ
လာသည်. သူ့ပခုံးကို သိုင်းဖက်လာပီး
မျက်နှာချိုသွေးပြနေတဲ့ P' ကို သူက
မျက်မှောင်ကုတ်ကာ စိုက်ကြည့်၍"P' ဘယ်တွေသွားနေတာလဲ "
"Earth တို့နဲ့ shopping လိုက်သွားတာ"
"ဘာလို့ဖုန်းကို စက်ပိတ်ထားတာလဲ "
"ဖုန်းအားကုန်သွားလို့ ဟီးး "
"ဟင်းး ဆင်ခြေချည်း ဘဲ "
Saint ကအာရုံပြောင်းတဲ့အနေနဲ့
စားပွဲပေါ်က သံပုရာရည်ခွက်ကို လှမ်းယူ
ပီး BABY နှုတ်ခမ်းနား တေ့ပေးလိုက်
သည်.." အဲ့ဒီ မျက်မှောင်ကြီးကို ဖြေပီး သံပုရာရည်
လေးသောက်လိုက်နော် P' ကိုယ်တိုင်
ဖျော်လာတာ သိလား "သူ့စကားကြောင့်ပြုံးယောင်သန်းသွားတဲ့
BABY က သံပုရာရည် ကိုမော့သောက်
ရန်ပြင်ပီးမှ ခွက်ကိုင်ပေးထားတဲ့ သူ့လက်ကို
သတိထားမိသွားသည်ထင် ဖန်ခွက်ကို
စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး သူ့လက်ကို
အသာဆွဲယူကာ.