Part 13

1.5K 201 58
                                    

" Ren ဘယ်တုန်းက ရောက်တာလဲ "

သူ့အမေးကို Ren ကသူ့ရဲ့ကိုယ်ပိုင်
အမှတ်အသားဖြစ်သည့် ညာဘက်ပါးက
ပါးချိုင့်ကြီးကြီး တစ်ခုခွက်ဝင်အောင်ပြုံးလျက်

"နေ့လည်က လေ Saint မင်းက
မတွေ့ရတဲ့ နှစ်တွေအတွင်း လူပျိုကြီး
ဖားဖားကို ဖြစ်လို့ အရမ်းမိုက်လာပါလား "

"အဟားး Ren ကိုတော့ မှီနိုင်မှာလားဗျာ "

Ren က သဘောကျစွာရယ်မောလျက်
ငယ်ငယ်တုန်းကအတိုင်း သူ့ခေါင်းကို
လက်ဖဝါးဖြင့် အုပ်မိုးလှုပ်ယမ်းလာသည်
သူက Ren ပခုံးကိုဖက်ကာသူ့အခန်းဆီ
ခေါ်တက်လာရင်း

" ဟိုနေ့ကစကားပြောဖြစ်တာ အကြာကြီး
ကိုနော် Ren တို့ပြန်လာမယ်ဆိုတာ
တခွန်းမဟဘူး "

"အဲ့လို ပြောလိုက်ရင် ဘယ်လို suprise
ဖြစ်မှာလဲ "

Ren..သူနဲ့ 14နှစ်သာကွာတဲ့ uncle
အငယ်စားလေး.. သဘောင်္ကပ္ပတိန်
တစ်ယောက်ဖြစ်တဲ့ Ren ဟာ ကမ်းကပ်
ရင်လည်း.ထိုင်းကိုပြန်လာချင်မှ ပြန်လာသည်
ဓာတ်ကျတဲ့ နိုင်ငံတွေဆီ အေးအေးဆေးဆေး
လျောက်နှပ်နေတက်တဲ့ Ren ကို မားက
နည်းနည်းမှစိတ်တိုင်းမကျ သူ့မောင်အငယ်ဆုံး
လေးကို
ထိုင်းမှာ ကိုယ်ပိုင်စီးပွားနဲ့ .အခြေချဖို့်အရေး
ဒို့အရေး ဖြစ်နေသည်.. ဒီလောက် ကမ္ဘာပတ်
နေတာတောင် လူပျိုကြီး ဖြစ်နေသေးတဲ့ Ren
ကြောင့်လည်း မားက ပိုစိုးရိမ်မကင်းဖြစ်နေရကာ
နီးစပ်ရာ အသိုင်းအဝိုင်းများမှ လက်ရွေးစင်
‎မဒီကညာများနဲ့ စပ်ဟပ်ပေးပီး Ren ကို
‎ခြေချုပ်ဖို့ကြိုးစားတော့သည်..ထို့ကြောင့်လည်း
‎Renမှာ ပီးခဲ့တဲ့ သုံးနှစ်အတွင်းမားကို
‎ပတ်ပြေးနေကာ ထိုင်းကိုခြေဦးပင်မလှည့်တော့
‎Ren က မိန်းကလေးတွေကိုသဘောမကျဘူး
‎ဆိုပေမယ့် ယောက်ျားလေးတွေကို ကြိုက်တာ
‎လည်း မဟုတ် အသက်ချင်းသိပ်မကွာတာမို့
သူနဲ့ ညီအကိုလို နေတဲ့ Ren ဆီက တခါမှ
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားတယ်
ဆိုတာမျိုး တခါမှမကြားဖူးခဲ့.
အစစအရာရာပြည့်စုံတဲ့ Ren လို လူမျိုးမှာ
အချစ်မရှိဘူးဆိုတာ နည်းနည်းတော့ ထူးဆန်း
သည်ဘဲ ဖြစ်သည်..

သူအင်္ကျီလဲနေတုန်း အခန်းထဲမှာ ဟိုဟိုဒီဒီ
လျောက်ကြည့်နေတဲ့ Ren က စားပွဲပေါ်က
သူနဲ့ BABY ရဲ့ နှစ်ယောက်တွဲပုံလေးကို
တွေ့သွားသည်.

My Little Mr.JWhere stories live. Discover now