unicode (9)

81 17 1
                                    

"BABY. P' လိုက်ခဲ့လို့ဖြစ်ပါ့မလား..
BABY ကြီးကြီးတို့က တခါတေလ
ပြန်လာတာ သူ့တို့ တူလေးနဲ့ဘဲ
တွေ့ချင်မှာပေါ့ "

အဝတ်ဗီရို ရှေ့မှာ အကျႌရွေးပေးနေတဲ့
BABY က သူ့စကားကြောင့် နောက်ပြန်
လှည့်ကြည့်လာကာ..

" ဘာလို့ မဖြစ်ရမှာလည်း ကြီးကြီးက P'ကို
သေချာခေါ်ခဲ့ဖို့မှာလိုက်တာ P'Mean တို့
နဲ့လည်းမနေ့ကတွေ့ကြတယ်လေ P'ကို
မပြောပြဘူးလား. ရော့ ဒါဝတ်လိုက်"

Saint က ကမ်းပေးလာတဲ့ ဝတ်စုံကို
ကြည့်လိုက်တော့..
skinny jean အဖြူနဲ့
ပန်းနုရောင် over size တီရှပ်ကြီး..

အဲ့ဒီတီရှပ်က မားဝယ်ထားပေးတာ
ပန်းနုရောင်လည်းဖြစ်တဲ့အပြင်.
ကြီးလွန်းတော့ အကျႌ လက္က
တံတောင်ဆစ်ထိ ချောင်ကျနေလို့
ဗီရိုအောက်ဆုံးမှာတံဆိပ်တောင်မဖြုတ်
ဘဲ ပစ္ထားတာကို ဘယ်လိုတွေ့သွားပြန်ပီ
လည်းမသိဘူး..

" BABY အဲ့ဒီအကျႌမဝတ်ချင်ဘူး..
P' နဲ့အရမ်းကြီးနေတာကြီး "

"ဟုတ္လား. မှန်းး ဘယ်လောက်တောင်
ကြီးနေလို့လဲ "

အကျႌကြီးကို ဖြန့်ကာ သူ့ကိုယ်မှာ လာတိုင်း
ကြည့်ပီး

"သိပ်လည်းမကြီးပါဘူး. ဒါဘဲဝတ်
P'က ပန်းရောင်လေး ဝတ်ထားရင်
ဘယ်ရီသီးလေးအတိုင်းဘဲ
အရမ်းချစ်ဖို့ကောင်းတယ် "

Bathroab လေးနဲ့ ကုတင်ပေါ်မှာ
ခြေလေးဆင်းထိုင်နေတဲ့ P' က
သူစိုက်ကြည့်ကာ ပြောလိုက်တဲ့စကားကြောင့်
ပါးလေးတွေရဲသွားပီး ခေါင်းအုံးနဲ့မျက်နှာလေး
ကိုအုပ်ထားလိုက်သည်..

Perth ကသဘောကျစွာရယ်မိရင်း
ဆံပင်ထောင်ထောင်လေးတွေ ထေနတဲ့
ငယ်ထိပ်ပေါ် တချက်မွှေးလိုက်ကာ.

" P' အကျႌလဲပီးရင်ဆင်းခဲ့တော့နော်..
ကျွန်တော် ကားသွားပြန်ယူပီးအောက်မှာ
စောင့်နေမယ် "

BABY အခန်းထဲက ထြက္သြားမွ
မျက်နှာနှစ် ထားမိတဲ့ခေါင်းအုံးကြီးကို
ဖယ်လိုက်ရင်း အကျႌ လဲဖို့ပြင်ရသည်..

လူနှစ်ကိုယ်စာလောက်ဝင်လို့ ရတာကို
သိပ်လည်းမကြီးပါဘူးတဲ့..သူ့ကျတော့
All black နဲ့ အရမ်းတွေ gentleman
ဆန်နေပီး ငါ့ကျတော့ ပန်းရောင်လာခြယ်နေတယ်
မုန်းစရာလေး.......

My Little Mr.JWhere stories live. Discover now