ဖြေရှင်းချက် တစုံတရာပေးရန်ပွင့်အာ
လာသော နှုတ်ခမ်းဖူးအိအိ လေးဟာ
သူ့နှုတ်ခမ်းတွေရဲ့ အတင်းကြပ်ဖိမိုးမှု
အောက်မှာ မွန်းကြပ်စွာလူးလွန့်နေရှာသည်တကယ် သူဘာမှ မကြားချင်တော့ဘူး
သူရူးမတက် မြတ်နိုးရတဲ့ P' ကို
တစိမ်းတစ်ယောက်က စေ့စေ့ကြည့်တာ
တောင်မကြိုက်တာ.ဒီကိစ္စကို ဘယ်လို
သည်းခံပေးရမလဲ.. P'တို့ကျောင်း major
page က တက်လာတဲ့ပုံတွေ ကိုမြင်လိုက်
ရတဲ့ တစ်ခဏဟာ ရင်ဘတ်ထဲကို မီးစ
ပြင်းပြင်းနဲ့ဆောင့်ထိုးလိုက်သလိုဘဲ..Perth ကအမြဲအူယားစရာကောင်းအောင်
နီထွေးနေတက်သည့် အောက်နှုတ်ခမ်း
တွဲတွဲလေးကို အနည်းငယ် အားသုံးကာ
ဖိကိုက်ပစ်လိုက်သည်.
မျက်အိမ်ဝိုင်းဝိုင်းလေးရဲ့ထောင့်စွန်းက
သွယ်ဆင်းလာတဲ့ မျက်ရည်ကြည်တစ်စက်ကို
သူ့ပါးနဲ့ ပွတ်သုတ်ပစ်လိုက်ပီး..
အသက်လုရှုနေတဲ့ မျက်နှာရဲရဲလေးကို
လက်မနဲ့လက်ညိုးကြားမှာ ဖမ်းချုပ်ထား
လိုက်သည်.."ဘယ်ကောင်မလေးရဲ့ လက်က
အနူးညံ့ဆုံးလဲ ""ဟင့်အင်း.. မသိဘူး."
သူ့လက်တွေထဲက ပြည့်စုံလွန်းတာထက်ပိုသော
ဒီမျက်နှာနုနုကို လက်သည်းလာပြင်တဲ့
မိန်းမ ဘယ်နှစ်ယောက်ကများ တပ်မက်
စိတ်နဲ့ကြည့်နေခဲ့မလဲ.. သဝန်တိုဒေါသက
အစိုးမရစွာ သွေးကြောမြမြတွေ သန်းတဲ့
ပါးစောင်း တစ်နေရာကို အားနဲ့ ငုံခဲလိုက်
တော့ နာကျင်မှုကြောင့် P' ကတချက်တွန့်
သွားပေမယ့်.နည်းနည်းလေးမှ မရုန်းဘဲ
သူ့ပခုံးတွေကိုသာ တင်းတင်းဖက်တွယ်
ထားသည်.." P' က ကျွန်တော့အပိုင်ဘဲ..
နောက်တစ်ခါဆို လုံးဝခွင့်မလွှတ်ဘူးနော်.."သူ့အောက်မှာ တုန်ရီနေတဲ့ မျက်ဆံနက်လေး
တွေကို စိုက်ကြည့်လိုက်ရင်းး
"နာသွားပီ လား "အကွက်လိုက်ရဲတက်လာသော ပါးစောင်း
ကကိုက်ရာ ကို ဖွဖွတို့ထိကာမေးမိတော့.
အသာခေါင်းယမ်းပြပီး သူ့နှုတ်ခမ်းတွေကို
မော့ နမ်းလာသည်..အမြဲတစေချိုမြ နေတက်သော နှင်းဆီဖူး
လေးကို အလိုက်သင့် ထွေးငုံလိုက်ရင်း
မဆုံးနိုင်သော အကြင်နာတွေကို ကြဲချမိ
တယ်။ ။