နေ့လည်တည်းက library ထဲ
ခေါင်းစိုက်နေကြတဲ့ သူတို့အဖွဲ့က
မနက်ဖြန်အပီးထပ်ရမယ့် စာတမ်းတစ်ခု
ပီးသွားတာကြောင့် ငှက်မွေးလေးတွေလို
ပေါ့ပါးသွားကြတယ်. ပြန်ဖို့ ပစ္စည်းတွေ
သိမ်းနေကြတုန်း Bow က"ဟဲ့ ငါတို့ရုပ်ရှင်သွားကြည့်ရအောင်
ညနေချိန်မှီသေးတယ်. ""အေး သွားကြည့်ကြမလား. ငါတို့အဖွဲ့
ရုပ်ရှင်တူတူမကြည့်ဖြစ်တာ
ကြာပီကော ""သွားကြည့်ကြတော့ မင်းတို့ဘဲ
ငါမလိုက်တော့ဘူး အချစ်က
ဗိုက်ဆာနေလောက်ပီ "Ai'Mean က စာလုပ်နေတုန်း
အနားမှာ နားကြပ်လေးနဲ့ သီချင်းနားထောင်ပီး
လာစောင့်ပေးနေတဲ့ သူ့ချစ်သူလေးကို
ငဲ့ကြည့်ရင်းပြောတယ်အနေအေးတဲ့
P'Plan က ရုပ်ရှင်လိုက်ကြည့်ချင်ပုံ
မရတဲ့ သူ့ရည်းစားသဘောကို
အလိုက်တသိနဲ့ သွားကြည့်လည်းရပါတယ်
ဆိုပီး ခပ်တိုးတိုးဝင်ပြောတော့.."တွေ့လား P'Plan ကလိုက်ချင်တယ်
နင်နေခဲ့ အဲ့ဒါဆို ""အောင်မာ ငါမပါဘဲ
ငါ့အချစ်ကို နင်တို့နဲ့ ထည့်ရမလား "သူ့ခန္ဓာကိုယ်ကြီးကို P'Plan ဘက်
ပစ်မှီရင်း ပြောတဲ့ Mean ကို ကြည့်ပီး
Bow ကအန်ချင်ဟန်နဲ့ မြှားဦးက
သူ့ဘက်လှည့်လာတယ်"Saint ကတော့လိုက်မယ်မဟုတ်လား."
အချိန်ကိုက်ဝင်လာတဲ့ message လေး
ကို သူက ငုံ့ဖတ်လိုက်ပီး Bow ကို
ချော့သလို လေးပြုံးပြလိုက်တယ်."BABY လာခေါ်နေပီ.ငါ
လိုက်တော့ဖူးနော် ""Ai'Saint အခုတလော နင်ငါတို့ကို
အချစ်တွေလျော့နေတယ်နော်. သူငယ်ချင်းတွေ
တခါတလေ ရုပ်ရှင်သွားကြည့်မယ့်ဟာ
နင့် BABY ဆိုတာလေးပါ
ခေါ်ခဲ့လို့ရတာဘဲ"အင်း BABY ကလူရှုပ်တဲ့နေရာတွေကို
မကြိုက်ဘူး ရုပ်ရှင်ကြည့်ချင်ရင်လည်း
သူ့အိမ်က mini cinema ထဲမှာ
ဘဲကြည့်တာSaint က သူငယ်ချင်းတွေ
ငြိုငြင်မှာလည်းစိုးတာမို့."အေးဘာ.ငါပြောကြည့်ပါ့မယ်
အဲ့ဒီနှူတ်ခမ်းလည်းထော်မထားနဲ့တော့
ဝက်ဖင်နဲ့တူတယ် "