လက်ထဲက ပုဇွန်ဆန်ပြုတ်ချိုင့်ကို သတိထားကိုင်
ရင်း အုတ်တံတိုင်းဘေး ခြံနှစ်ခြံကို ဆက်ထားတဲ့
တံခါးပေါက်မှ BABY တို့အိမ်ဘက် ကူးလာခဲ့
သည်. Breakfast ဝိုင်းမှာတော့ ပေါင်မုန့်တစ်ချပ်ကိုဝါးရင်း စာထိုင်ဖတ်နေတဲ့ BABY ကို
တွေ့ရသည်.. မီးဖိုခန်းကနေ စွပ်ပြုတ်အိုး နဲ့ ထွက်
လာတဲ့ BABY မေမေက သူ့ကိုမြင်သွားပီး.." Saint လေး အဲ့ဒီမှာ ဘာရပ်လုပ်နေတာတုန်း
ဝင်လာလေ သားရဲ့ "သူက BABY မေမေကို ရယ်ပြလိုက်ကာ လက်ထဲက ချိုင့်ကိုမြှောက်၍..
" ဒီမှာလေ မေရဲ့ BABY အတွက် ပုဇွန်ဆန်ပြုတ် လာပို့ပေးတာ "
" အမလေး BABY တွက်ဆိုတော့ မေ့ဖို့ မပါဘူးပေါ့ "
" အာာ.. အဲ့လို မဟုတ်ပါဘူး မေ့ဖို့ရောပါတယ်
အများကြီးယူလာတာ "ချိုင့်ထဲက အပေါ်ဆင့်ကို မေ့အတွက် ဦးဖယ် ပေးလိုက်ပီး အောက်တဆင့် ကိုဇွန်းတပ်ကာ
BABY ရှေ့ချပေးလိုက်သည်... သူစဝင်လာ
ကတည်းက အဖက်မလုပ်ဘဲ မုန့်စားမပျက် စာဖတ်မပျက်တဲ့ BABY က အခုလည်း ကြိုက်လှပါချည်ရဲ့ ဆိုသော ပုဇွန်ဆန်ပြုတ်ကိုတောင် ငဲ့မကြည့်..
ပုံမှန်မဟုတ်တဲ့ သူတို့နှစ်ယောက် အခြေနေကိုရိပ်မိသွားတဲ့ မေ က ဘာဖြစ်ကြပြန်ပီလဲ ဆိုသော
သဘောဖြင့် မေးငေါ့ပြလာတာမို့.. သူက
အသာ သွားဖြဲကာ မေ့ကို လက်ညိုးတစ်ချောင်း
ကွေးပြလိုက်သည်...သူက ဇွဲမလျော့ဘဲ BABY လက်ထဲက ကိုက်လက်စ ပေါင်မုန့်အပိုင်းလေးကို ဆတ်ခနဲဆွဲယူ
ကာ ပါးစပ်ထဲ ထည့်ဝါးလိုက်ပီး..."စားပါ BABYရယ်. ဒီဆန်ပြုတ်ကို P' ပြုတ်လာတာမဟုတ်ပေမယ့် အိုးထဲကနေ ဒီချိုင့်ထဲ
P' ကိုယ်တိုင်ထည့်လာတာသိလား. "သူ့စကားကို မေက ရယ်နေပေမယ့် ဘေးက ကလေးလူကြီးကတော့ ဆန်ပြုတ်ထဲမှာ အိပ်ပျော်နေတဲ့ ပုဇွန်ထုပ် တစ်ကောင်ကို ဇွန်းနဲ့ ဇွက်ခနဲ
ခေါင်းတစ်ခြား ကိုယ်တခြား ဖြစ်အောင်ဖဲ့ပစ်လိုက်
ပီး စားပွဲကထသွားတော့သည်.."BABY ရယ် စိတ်မဆိုးပါနဲ့တော့ P' နောက်တခါမသွားတော့ဘူး ကတိပေးပါတယ်ဆိုမှ "
ကုတင်ပေါ်မှာထိုင်နေတဲ့ သူ့အနားကိုအတင်းကပ်
ရင်ဘတ်ထဲ မရမကဝင်တိုးနေသော ချစ်ရသူကို
ငုံ့ကြည့်ပီး သက်ပြင်းငွေ့ငွေ့ချမိသည်..
ပုလဲငွေဥရောင်လိုကြည်လင်နေသောအသားရည်
ပန်းဆီသွေးလွှမ်းတဲ့ ဖောင်းနုနုပါးပြင်..ချယ်ရီဖူး
နှုတ်ခမ်းလုံးလုံးးလေးနဲ့ ဘုရားစူး သူ့ထက် ၂ နှစ်
ကြီးသော ကော်ရုပ်လေးကို သူကမြတ်နိုးလွန်းစွာ.
အရူးမူးဘဲ ချစ်ရသည်..မိဘချင်းကလည်း စီးပွားဖက် ပါတနာတွေ ချစ်သူဖြစ်ပီးသိပ်မကြာ ဘေးခြံကို
P'တို့မိသားစုပြောင်းလာရာမှ သူတို့ပတ်သတ်မှုကိုလည်း လူကြီးတွေသိသွားရသည်.. ငယ်လွန်းသေးတဲ့အရွယ်တွေမို့ အနည်းငယ်သတိပေးပီး.
သဘောတူပေးထားကြတာကြောင့်လည်း.. သူတို့
နှစ်ယောက်ဟာ သာမာန်အချိန်တွေဆို တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်ကြသည်.. အင်း အခုတလောတော့
သူက ဝင်ခွင့်ဖြေဖို့လုံးပန်းနေတာရော ဖေဖေ့အလုပ်မှာ အခြေခံကနေ နည်းနည်းချင်း စပီးလေ့လာနေတာကြောင့် P'အနားမှာ အားတိုင်းအရင်လို
အချိန်ပြည့်မနေနိုင်တော့..သူ့ရဲ့ချစ်လှစွာသောP'ကလည်း တက္ကသိုလ်ကျောင်းသားကြီးဖြစ်သွားတာရော သူအနားမှာမရှိချိန်တွေရော အခွင့်ကောင်းယူပီး P'mean တို့နဲ့
တူတူ ကားပြိုင်မောင်းတာတွေ club တက်တာ
တွေလုပ်ပီး ယွစကီးထချင်လာသည်..." BABY ရေ စိတ်ဆိုးနေသေးရင်လည်း စိတ်ဆိုးနေတယ်ပြန်ပြောပါဦး . ကျောက်ရုပ်ကြီးဖြစ်သွားပီလား..နောက်မသွားတော့ဘူးလို့ပြောနေတယ်လေ "
ဒီမျက်နှာလေးကိုမညိုးအောင်ချစ်ပေးခဲ့တော့...
ချော့နေရင်း သူကစိတ်ပြန်ကောက်ချင်နေတယ်..
နားသန်သီးတစ်ဖက်ကို လာဆွဲရင်း အသံလေးက
ဆူအောင့်အောင့် နဲ့.. ထွက်လာတယ်.သူ့နားဆီက P'ရဲ့လက်ကိုလှမ်းယူလိုက်ပီး သူ့လက်ထဲ ထွေးဆုပ်ထားရင်းမှ..
" P' ပီးခဲ့တဲ့တစ်ခေါက်ကလည်း ဒီလိုဘဲပြောခဲ့တာဘဲလေ..P'ကို ကျွန်တော်က ချုပ်ချယ်သလို
ဖြစ်နေတယ်ဆိုပေမယ့် အဲ့ဒါ P'ကိုစိတ်ပူလို့
အရမ်းချစ်လို့..P' အဲ့ဒါကိုရော ခံစားမိရဲ့လား ""သိပါတယ်ဆို BABY ရယ် နောက်တခါ Ai'
Mean တို့ဘယ်လိုခေါ်ခေါ် လုံးဝ..
မသွားတော့ဘူးနော် ဒီလိုမျိုးလုံးးဝဘဲ "လက်နှစ်ချောင်းကိုယှက်ကာ.ကြက်ခြေခက်ပုံလုပ်ပြတဲ့ သူ့ကို BABY က ကြည့်ပီးရယ်ချင်ဟန်ဖြင့်
မျက်နှာကိုတစ်ဖက်လွှဲသွားသည်.. သူခေါ်လို့သာ
အဖော်လိုက်ပေးရတဲ့ Mean ကတော့ ဒီစကားကိုကြားလျှင် သူ့ကိုလည်ပင်း လာညစ် ပေလိမ့်မည်..sorry ပါယောက်ဖရေ.." ကဲ စိတ်ဆိုးပြေပီဆိုလည်း ဒီမျက်ခုံးကြီးကို ကုပ်
မထားနဲ့တော့ ငယ်ငယ်လေးနဲ့ အရေးကြောင်းတွေ
ထလာတော့မယ် "တွန့်ကုပ်ထားဆဲမျက်ခုံးထူထူတို့ကို လက်မနဲ့လက်ညိုးသုံးပီး ဖြေပေးနေတဲ့ P'ရဲ့ လက်သွယ်သွယ်ကို ဆွဲယူလိုက်ပီး နီရဲနေသော လက်ဖနှောင့်လေးကို တချက် ကိုက်ပစ်လိုက်တယ်.
"အ.. ဘာလို့ကိုက်တာတုန်း နာသွားပီ "
"နာပါစေ ပေါ့ နာအောင်ကိုက်တာဘဲဟာ "
မကျေမနပ်နဲ့နှုတ်ခမ်းထော်သွားတဲ့ လူသားလေးကို ရင်ခွင်ထဲဖမ်းထည့်လိုက်ပီး စိမ့်ပန်းဆီရောင်
ပါးပြင်နုနုပေါ် အကြင်နာတွေ နင့်စေလိုက်တယ်
ဘာဘဲဖြစ်ဖြစ်သူသိလိုက်တာက နှစ်ဆယ်ကျော်
ငါးနှစ်ပတ်လည်မှာ ဂေါ်လီလုပ်ချင်နေတဲ့ P'ကို
လုံးဝ လွှတ်ထားလို့မရတော့ဘူးဆိုတာဘဲ...TBC 💕