###Unicode
ညအမှောင်သည်နက်သည်ထက်နက်ကာ ဆောင်းည၏ အအေးဓာတ်သည် တိုးသည်ထက်ပိုတိုးကာလာခဲ့သည်။
သန်းခေါင်ယံအချိန်၁၂နာရီ ထိုးနေပြီဖြစ်ပါသော်လည်း အိပ်ယာထက်ဝယ် အလူးလူး အလိမ့်လိမ့်နှင့် မအိပ်စက်နိုင်သည့် တစ်ယောက်သောသူမှာ သော်ထက်နိုင်ကိုပင်ဖြစ်သည်။Practical ကပြန်ရောက်ထဲကပင် စိတ်ထဲတွင် လွှမ်းမိုးမှုတစ်ခုကြီးစိုးနေလေသည်။စိတ်အလိုမကျသည်ဟုဆိုလျှင်ပိုကာ မှန်ပေလိမ့်မည်။ကိုယ့်အားတကယ်ပင် မမြင်ဖူးဘူးဟုဆိုနေသောလူကြောင့် စိတ်ကသိကအောက် အတော်ပင်ဖြစ်ရသည်။
မထင်မှတ်ဘဲ ပြန်တွေ့လိုက်ရသည်မှာ နှစ်ကြိမ်တောင်ဖြစ်လေပြီ။ကျောင်းတူမေဂျာတူယုံသာမက အတန်းပါတူနေသေးသည့် ဆုံနိုင်လွန်းသည့်ရေစက်ပင်။
သို့နှင့်ပင် အတွေးတစ်ခုသည်လည်း သူတို့၁၀တန်းနှစ်ကျောင်းသားဘ၀သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
-------------------------------------------ထိုကောင်းလေးကို စတင်သိခဲ့ရသည်က
သူနှင့်စိုင်းမင်းသူတက်သည့် 'Home' Private Schoolသို့ ပြောင်းလာသည့် ကျောင်းသားသစ်အနေနှင့်ပင်။ရန်ကုန်သားလေး မင်းကမ္ဘာ၊ငါ့ကမ္ဘာဖြင့်ပင် ကျောင်းတွင် နံမည်ကြီးသူ။ကိုယ်ကတော့ဖြင့် သိပ်ကြည့်၍မရပါ။ကြည့်၍ရစရာလဲအကြောင်းမရှိ။စိုင်းမင်းသူနှင့်သူသည် Homeတွင် ၂ယောက်တစ်ခန်းနေကြရသည်မှ အခန်းဖော်များပင်။၈တန်း၊၉တန်း၂နှစ်လုံး အတန်းတူကာတစ်တွဲတွဲဖြင့် အတော်ပင်ခင်ခဲ့ကြသည်။၁၀တန်းတွင်တော့ စာတော်လွန်းသောစိုင်းနှင့်သူသည် အခန်းမတူတော့၍ သိပ်ပြီးတွဲသွားတွဲလာမရှိတော့ပေ။
ထို့ကြောင့်ပင်ဒီနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက် တစ်ပတ်ရသည်တွင် စိုင်းမင်းသူသည် သူ့အိမ်သို့ မပြန်ပါဘဲသူနှင့်သာ အတူနေချင်သေး၍ အိမ်သို့ပင်အလည်လိုက်ခဲ့သည်။
" ဖိုးသော် ဖိုးသော် ဒီမှာကြည့်စမ်း"
ည၈နာရီထိုးသည့်အချိန်တွင် ထမင်းစားပြီး၍ ဗိုက်တင်းသဖြင့် ခြံထဲမှဒန်းစင်တွင် ထိုင်ရင်းလိုင်းသုံးနေရာမှ စိုင်းသည်သူ့အားပြလာသည်က friend request လေးတစ်ခုပင်။
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Romanceအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021