🌎 Part 3 🌎

689 56 0
                                    

###Unicode

'ကျောင်းလာကြိုပေးပါအုံး'ဆိုတဲ့ ယမင်းသူရဲ့ မက်ဆေ့လေးကြောင့် သော်ထက်နိုင်ကိုတစ်ယောက် ကျောင်းသို့ထွက်လာခဲ့သည်။

"ဟယ်လို"

အရှေ့မှ ဆရာမစာသင်နေရင်း သော့်ဆီမှ ဖုန်း၀င်လာ၍ သူမကိုင်လိုက်သည်။ ဆရာမကြားမည်ဆိုး၍ အသံကတော့အနည်းငယ်တိုး၍ပြောရသည်။

"ယမင်း ကိုယ်ရောက်နေပြီ ဌာနရှေ့မှာ"

"ဟုတ်လား ယမင်းကသော်နောက်ကျအုံးမယ်ထင်နေတာ "

"ကိုယ့်သူငယ်ချင်းတွေနဲ့ချိန်းထားတာလေးရှိလို့လေ အဲ့ကိုမသွားခင်လာကြိုလိုက်တာ"

"teachel က နှစ်ချိန်ဆက်ယူလိုက်လို့ ယမင်းကနာရီ၀က်လောက်ကြာအုံးမယ်ထင်တယ်"

"အော်"

"ရပါတယ် သော်သွားစရာရှိတာသွားလိုက်လေ ယမင်းဘာသာဘဲ ပြန်လိုက်ပါ့မယ်"

"အာ.... မဟုတ်တာ ရပါတယ်ကိုယ်စောင့်ပေးမယ်လေ မဟုတ်လဲကိုယ် ယမင်းတို့အိမ်သွားရမှာဘဲ ပိုင်ကြီးကို သွားခေါ်ရအုံးမှာ သူဒီနေ့ ယမင်းနဲ့အတူ အတန်းမတက်ဘူးဆို"

"ဟုတ်တယ် တော်သေးတာပေါ့အဆင်သင့်သွားတာ ကျေးဇူးဘဲနော်သော်"

"အင်း ရတယ်"

"ဟုတ် "

ကျသွားသော ဖုန်းလေးအားကြည့်ကာ ယမင်းသူ သက်ပျင်းချမိသည်။
အရှေ့မှ ဆရာမ ဘာသင်သွားသည်ကိုပင် အာရုံမရတော့။
------------------------------------------------------

ယမင်းဆီကဖုန်းချသွားသည်နှင့်
ဆိုင်ကယ်လေးထိုးကာ ဆိုင်ကယ်ပေါ်ထိုင်ရင်းပင်ဖုန်းကြည့်ကာ စောင့်နေလိုက်သည်။

"ကိုကြီး"

ခနအကြာတွင် ကျောဘက်မှ ခေါ်လာသောရင်းနှီးနေသည့် အသံကြောင့် သူလှည့်ကြည့်တော့

"အော် သန္တာ"

"အတန်းလာတက်တာလား မနက်ကတော့မတွေ့ဖူးနော်အတန်းထဲမှာ"

"မဟုတ်ဘူး ယမင်းကိုလာစောင့်နေတာ"

"အော်....မနက်က မေဂျာစာအုပ်ထုတ်ပေးတာလေ ကိုကြီးအတွက် ညီမလေးထုတ်ပေးထားတယ်"

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now