##Unicode
"အား!!...အ့!...အား!!....."
"နာလို့လားဟင် အကို အရမ်းစပ်လား တောင်း..တောင်းပန်ပါတယ်
ကျွန်တော် မလုပ်တော့ဘူးနော် "မျက်ရည်စများခိုကပ်နေသော မျက်တောင်များအား ပုတ်ကာခပ်ဖြင့်ပင် သနားစဖွယ်အမူအရာနှင့်တောင်းပန်လာသူကြောင့် သူတကယ်စိတ်မကောင်းဖြစ်ရသည်။
"ရပါတယ် မနာပါဘူး စပ်လဲမစပ်ဘူးထည့်စရာရှိတာသာ ရဲရဲထည့်''
"အဲ့ဒါဆို ဆက်ထည့်မယ်နော် နာလည်းခနသည်းခံလိုက်နော် အကိုနော် ကျွန်တော့်ကြောင့်ပါ ကျွန်တော်အသုံးမကျလို့ ကျွန်တော်ညံ့လို့ ကျွန်တော်မထည့်တက်လို့ အကိုအခုလိုနာသွားတာ"
ပြောရင်းဆိုရင်းပင် မျက်ရည်ဥကြီးများတလိမ့်လိမ့်စီးဆင်းလာကာ ခေါင်းလေးငုံ့၍ပင် ငိုနေရှာသော အနီရောင်အားကစား၀တ်စုံနှင့်ကောင်လေးအားသော်ထက်နိုင်ကိုတစ်ယောက် ဘယ်လိုပင်နှစ်သိမ့်ရမည်မသိ။
သော်ထက်နိုင်နှင့်ကမ္ဘာသစ်တို့ ခုရောက်နေကြသည်ကတော့လူခြေတိတ်ဆိတ်လွန်းကာ လေတဖြူးဖြူးတိုက်ခတ်နေသည့် မိတ္ထီလာကန်ဘောင်ဘေး တစ်နေရာတွင်ဖြစ်သည်။
စိတ်ငြိမ်ရာအရပ် တစ်နည်းအားဖြင့် လူသူပြတ်လပ်သည့် စိတ်ကွယ်ရာအရပ်တွင် တရှုံ့ရှုံ့ငိုနေသောကောင်လေးမှ သွေးဆို့နေသည့် ဒဏ်ရာအား အရက်ပြန်ဖြင့် ပိုးသတ်ကာ ဆေးထည့်ပေးနေသည်။
ဆေးထည့်ပေးနေသူမှာ မင်းကမ္ဘာသစ်ပင်ဖြစ်၍ ဒဏ်ရာရသူမှာသော်ထက်နိုင်ကိုပင်ဖြစ်သော်လည်း။ဒဏ်ရာရသူထက်ကိုပင် ပိုနာနေဟန် အနာကိုတခါအရက်ပြန်တို့လိုက် မျက်နှာလေးရှုံ့မဲ့လိုက် တခါတို့လိုက် ကျွစ်ကျွစ်မြည်လိုက် အီး! အား! ဖြင့်ပင် သံစုံထွက်ခါ အနာဆေးထည့်သူ။ မျက်ရည်ကပါအစစ်ကျနေသေးတော့ ကိုယ့်အစားသူဘဲနာနေသလို။
အခုလဲဆေးထည့်မည့်အရေးကိုပင် တွန့်ဆုတ်တွန့်ဆုတ်လုပ်ကာ ဒဏ်ရာနှင့်ဆေးထိမိလျှင်ပင် တစ်ကိုယ်လုံးတုန်ခါသွားသည့်မင်းကမ္ဘာသစ်။စောစောနက fighterကြီးက သူမဟုတ်တော့သလိုပင်။
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Romantizmအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021