###Unicode
တိတ်ဆိတ်နေသောအခန်းငယ်အတွင်းသို့အမှောင်ထုသည်ကြီးစိုးစပြုနေသည်။ထိုမှောင်မိုက်စအခန်းငယ်လေး၏ ထောင့်တစ်နေရာတွင်ထိုင်နေသည်က ခပ်ငယ်ငယ်လူရွယ်လေးတစ်ယောက်။
ထိုလူငယ်လေး၏ မျက်၀န်းမှေးမှေးများထံတွင်တော့ ရေတံခွန်မှ အရှိန်အဟုန်ပြင်းစွာဖြင့်ပင် ကျဆင်းလာသည့် အတားအဆီးမဲ့သောရေယာဥ််အလား စီးဆင်းနေသည့် မျက်ရည်ကြည်များ။
တိတ်ဆိတ်မှုအားစတင်ဖြိုခွင်းလာသည်က တရှုံ့ရှုံ့ဖြင့်ကျဆင်းနေသော နှာရည်များအား တစ်သျှူးဖြင့်ညှစ်ချနေသော အသံတချို့။
မို့အစ်အစ်ဖြစ်နေသောမျက်နှာလေးကငိုထားသည်အား တပ်အပ်သိစေနိုင်သည်အထိ။ကျဆင်းနေသောမျက်ရည်စတချို့အား လက်ခုံတစ်ခုဖြင့်ပင်ဖိသုတ်နေ၍ ကျန်လက်တစ်ဖက်တွင် ကိုင်ထားသည်က မော်ဒယ်မြင့်ဟန်းဖုန်းတစ်လုံး။
မှန်သားပြင်အမည်းရောင်ကြီးတွင်ပေါ်နေသည်က စာလုံးဖြူဖြူတချို့။ထိုစာလုံးများအား ဖတ်ရင်းမှ တအိအိငိုလိုက် တသိမ့်သိမ့်ရှိုက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်က မင်းကမ္ဘာသစ်။Ficဖတ်၍ ခံစားလွယ်ကာ ငိုနေခြင်း။
မငိုဘဲလဲနေနိုင်ရိုးလားလေ ချစ်မြတ်နိုးလွန်းရပါသော မိမိချစ်သူကောင်လေးမှာ အုတ်ဂူဖြူဖြူထဲတွင်လဲလျောင်းနေရခြင်း။ခွဲခွာခြင်းထဲတွင် အဆိုး၀ါးဆုံးသော ခွဲခွာမှုဖြစ်သည့် သေဆုံးခြင်းဖြင့်ထားသွားသူ၏ အုတ်ဂူဖြူဖြူလေအားကြည့်နေသောထိုသူ၏ မျက်၀န်းတွင်လည်း အတိုင်းအဆမရှိကျဆင်းနေသော မျက်ရည်စများ။ထိုကောင်လေးအား သူသနားလွန်း၍ငိုမိပါသည်။ထိုကောင်လေးနေရာတွင် သူသာဆိုလျှင်ဟူသည့်အတွေးကသူအားနှိပ်စက်နေလေသည်။
လူဖြူ၊လူမဲမသဲကွဲကာ ဘယ်ဆီဘယ်၀ယ်ပင်မသိသေးသော မိမိ၏ချစ်သူအား မသေခင်ကပင်ကြိုခံစားနေသည့် မင်းကမ္ဘာသစ်။
စာလဲဆက်၍ မဖတ်နိုင်တော့ ငိုရလွန်း၍ မျက်ရိုးများကိုက်ကာ ရင်ဘတ်များပင်အောင့်လာတော့သည်။
ဆောင်းညနေ၅နာရီခန့်ဖြစ်၍ အ၀င်စောလွန်းလှသည့်နေမင်းအားကြည့်ရန် ဖုန်းကိုပိတ်ကာ ဆိုင်ကယ်သော့ဆွဲ၍ ကမ္ဘာသစ်တစ်ယောက်ထွက်လာခဲ့သည်က မိတ္ထီလာကန်ဘောင်ဆီသို့။
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Lãng mạnအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021