🌎 Part 14 🌎

439 51 4
                                    

### Unicode

"ဟာ နင်တို့နှစ်ယောက်ကို စောင့်နေရတာနဲ့ဘဲ နေကပူလာပြီ ကြာလိုက်တာ
တကယ်ဘဲ ဘာလုပ်နေမှန်းမသိဘူး "

ရောက်ရောက်ခြင်းပင် စောက်နဲ့ထွင်းလိုက်ပါသော ယွန်းမြတ်သော်

"ဟုတ်ပါ့!! ကောင်းသန့်နဲ့မင်းဘုန်းရယ် နင်တို့နှစ်ယောက်က ကြိုစောင့်နေရမှာကို ထီလာကလာရတဲ့ငါတို့ကတောင်ပြန်စောင့်နေရသေးတယ် ဟွန်း! "

ယွန်းမြတ်သော်စကားအားထောက်ခံကာ ကောင်းသန့်သူနှင့်မင်းဘုန်းမြတ်သာအား ထပ်မံအပြစ်ဆိုလိုက်ပါသော သက်ထားနွယ်။

ယခုသူတို့အဖွဲ့ရောက်ရှိနေသည်ကတော့ တောင်သမန်အင်းဟုလည်းခေါ် ဦးပိန်တံတားပေါ်တွင်သာဖြစ်၏။

ချစ်လှစွာသောသူငယ်ချင်းကြီး မင်းကမ္ဘာသစ်မှ မန်းလေးအားခရီးသွားချင်လှပါချည်ရဲ့ဆိုပြီးဇွတ်ဇွတ်ကြီးကိုပူဆာလွန်း၍ ရောက်လာရခြင်း။

မန်းလေးမှမသွားရရင် ခုချက်ချင်းဘဲ မိတ္ထီလာကန်ထဲပြေးဆင်းတော့မှာလိုလို၊တစ်စီးသာသွားသည့် သာစည်၊မိတ္ထီလာ၊မြင်းခြံ ရထားလမ်းပေါ်ဘဲတက်သေတော့မှာလိုလို၊ ဌာနလေးထပ်ဆောင်ပေါ်မှဘဲ ခုန်ချတော့မှာလိုလို။နောက်ဆုံး သူငယ်ချင်းမပြီသတာတွေရော၊ ဘော်ဒါအကန့်မရှိတာတွေရော၊ အမျိုးကိုစုံနေအောင် ဂျီကျလွန်း၍သာ နာညည်း၍ ယွန်းမြတ်သော်တို့အဖွဲ့လိုက်လာရခြင်း။

မန္တလေးသို့ရောက်တော့လဲဇွတ် တောင်သမန်အင်းကိုသွားမည်တဲ့။မသွားချင်ဘူး နေပူတယ်ဆို၍လည်းမရ။အဲ့ဒါဆိုလည်းဒီမှာဘဲတစ်ညအိပ်လိုက်ကြမည် ညနေစောင်းမှသွားဆိုတော့လည်းမဟုတ်။ကိုသော်ကြီးအဒေါ်ကအိမ်တွင်တစ်ယောက်ထဲမို့ ညအိပ်၍မရဘူးနေ့ချင်းပြန်ရမည်တဲ့လေ။

အော် ကိုသော်ကြီးဆိုမှ သူတို့သူငယ်ချင်းတွေကြည့်ဘဲလာသည်မဟုတ် သူ့crushတော်ကြီးကိုသော်ထက်နိုင်ကိုပါ ပါသေးသည်။

မနက်က၅နာရီသွားမည်ချိန်းထားသည်ကို သူမနှင့်သက်ထား၅မိနစ်ခန့်လောက်နောက်ကျသည်ကိုဘဲ သူ့crushရှေ့တွင်ပြောလိုက်သည်ကဘာတဲ့ သွားချင်တော့လဲနင်တို့နောက်ကျတော့လဲနင်တို့တဲ့။ ဒင်းဗပြောင်းဗလဲဆန်မှုကြီးအား သူမတို့ ဘုရား!ဘုရား! ဟုသာတရသည်။မသိလျှင်ကိုယ်တွေကဘဲ အရမ်းတွေကိုသွားချင်နေသည့်အတိုင်း ပြောပုံကိုက ရှိစေတော့ ရှိစေတော့။

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now