🌎 Part 23 🌎

688 65 15
                                    

###Unicode

ချမ်းအေးလှသော ဆောင်းနံနက်ခင်းတစ်ခုတွင် နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးထက်၌ အသက်ရှူသံမှန်မှန်ဖြင့် အိပ်မောကျနေသည့် မင်းကမ္ဘာသစ်တစ်ယောက် နံနက်၉နာရီပင်ရှိနေပြီဖြစ်သော်လည်း မနိုးသေး။

​ပုံသွင်းစရာမလိုသည့် သွယ်တန်းတန်းမျက်ခုံးနှစ်ခုနှင့် ပန်းသွေးရောင်သန်းနေသော နှုတ်ခမ်းပါးလေးနှစ်ခုက ဒီလူသားလေး၏ အလှဆုံးအစိတ်အပိုင်းနှစ်ခု။ ဖြူဖွေးနုဖတ်နေသော ပါးပြင်ပေါ်တွင်တော့ ယောကျာ်းတစ်ယောက်ပင်ဖြစ်သော်ငြားလည်း ဘာအမွှေးအမျှင်မှမရှိပါဘဲ နူညံ့အိစက်နေသည်။
အချောအလှမှရွေးကြိုက်တတ်သည့်ကောင်လေးက သူကိုယ်တိုင်လည်းအသာအရည်ကိုဂရုတစိုက်ထိန်းသိမ်းသေးသည်။

အ၀တ်မပါသော ခန္ဓာကိုယ်အားခြုံစောင်အောက်တွင်မြှုပ်၍ အိပ်စက်နေသည့် ချစ်ရသူမျက်နှာလေးအား တစိမ့်စိမ့်ထိုင်ကြည့်နေသူက သော်ထက်နိုင်ကို။ကြည့်နေရင်းမှ မထူးမပါးမျက်တောင်လေးအား ပုတ်ကာခပ်ခါဖြင့် မျက်လုံးလေးမပွင့်ဖွင့်၍ အိပ်ယာထက်၌ အပျင်းကြောဆွဲကာ နိုးလာသူအား သော်ထက်နိုင်ကိုတစ်ယောက် မြတ်နိုးစွာဖြင့် နှဖူးပြင်လေးအား ဆွဲမွတော့ ပြုံး၍ငြိမ်နေရှာသည်။

"ကို! ချစ်လား! ကျွန်တော့်ကို"

"ချစ်တာပေါ့ မသိဘူးလား"

"ပေးပါအုံး မော်နီးကစ်လေး"

နှုတ်ခမ်းပါးလေးအားထော်ကာ အနမ်းတောင်းသူကြောင့် သော်ထက်နိုင်ကိုလန့်မိသည်။ ဒီလိုချိန်တွင် မပြီးပြတ်သည့်အနမ်းတစ်ခုအား ပုံဖော်မိပါက မလွယ်။ ကမ္ဘာသစ်အကြောင်း သူအသိဆုံး တော်ကြာတစ်နေကုန် ကုတင်ပေါ်ကမဆင်းရရင်ဒုက္ခ။

"ထထ!! မျက်နှာသွားသစ်တော့"

"ဟွန်း! လူလည်"

"ကဲပါထတော့ အိပ်ယာသိမ်းမို့"

"ချီ!!"

လက်နှစ်ဖက်အားဆန့်တန်းကာ သူ့အားချီရန်ပူဆာနေသည်က ၃နှစ်သားကလေးအလား။

"ချီလို့! ချီပြီးလိုက်ပို့ ရေချိုးခန်းထဲကို"

"ဟာ! မပို့ပါဘူး! ကိုယ့်ဘာသာဘဲသွားပါ"

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now