🌎 Part 13 🌎

431 60 5
                                    

###Unicode

တောက်!!!

"စိတ်ထိန်းပါ ကမ္ဘာသစ်ရာနော်"

ဒေါသစိတ်ကြောင့် တက်တစ်ခေါက်ခေါက်ဖြစ်နေသော ကမ္ဘာသစ်အား သက်ထားနွယ် စိတ်ပြေလိုပြေညား ဖြောင့်ဖျနေမိပါသည်။

''ဟုတ်ပါတယ်ငသစ်ရာ ငါ့အမှားတွေပါဟာ ငါသာအဲ့တုန်းက ငါ့ဘာသာမကြိုက်တာလို့ပြောခဲ့လိုက်ပြီး နင့်ကိုသာလွှဲမချခဲ့ရင်ခုလိုဖြစ်မှာ မဟုတ်ဘူး ခုတော့ "

​မျက်နှာငယ်လေးနှင့် ငိုတော့မတက်တောင်းပန်နေသည့် ယွန်းမြတ်သော်အား သူစိတ်မဆိုးရက်။ ဟိုးငယ်စဥ်ထဲက ခင်ရသည့်သူငယ်ချင်းမမို့ အစ်မလိုနှမလိုကို သူချစ်သည်။

"နင့်ကြောင့်လဲမဟုတ်ပါဘူးဟာ အဲ့ကောင်ကိုက ချိုကြွနေတာ ခုတော့ကြိုးစားထားသမျှသွားပြီကွာ"

"ဟုတ်ပါ့ကွာ grand finalတက်ရမှာကို
စိတ်လျော့ပါကွာ ဒီနှစ်ဖလားမရတော့လဲ နောက်နှစ်ပေါ့ကွာ"

ကြိုးစားသမျှ အရာမထင်သလိုဖလားနှင့်လွဲခဲ့ရလို့ မခံမရပ်နိုင်ဖြစ်နေသည့် ကမ္ဘာသစ်အား ခန့်ဇော်သွေးနှစ်သိမ့်ရပြန်သည်။အင်းလေ သူလဲပွဲစထဲကအများကြီး ကြိုးစားထားခဲ့ရတာ မဟုတ်လား။

"အဲ့ဖလားငါကဘာလုပ်ရမှာလဲ "

"မသိဘူးလေ ဖလားမရတော့လို့မင်းစိတ်တိုနေတာ မဟုတ်ဘူးလား "

"ရာရာစစကွာ အဲ့ဖလားငါရတာလဲ မဟုတ်ဘူး အချိန်တန်ရင် ဌာနမှာဘဲတင်ထားရမှာကို စိတ်မ၀င်စားဘူး"

"အဲ့ဒါဆိုမင်းကဘာဖြစ်လို့ကြိုးစားသမျှအလကားဘဲလို့ပြောတာလဲ"

"ဟာ ငါ့မှာ ကို့ဆီကအမှတ်ရဖို့ကို သေမလိုကြိုးစားထားရတာ ခုတော့ကြည့်အုံး
စောက်ခွေးလုပ်လို့ အနီကဒ်ပြခံရပြီး ပွဲကထုတ်ခံရတာ ဘယ်လောက်အရှက်ကွဲလဲ အထင်ကြီးအောင်ဇွတ်ကြိုးစားထားရသမျှခုတော့ တောက်!!!"

ပြောရင်းဖြင့်ပင် တောက်ခေါက်နေသေးသည့် ကျောင်းသားစိတ်ဓာတ်အပြည့်အ၀ရှိလွန်းလှပါသော မင်းကမ္ဘာသစ်။
ဒင်းကမေဂျာဂုဏ်တက်အောင်ကြိုးစားတာမဟုတ်ဘဲ သူ့လင်အထင်ကြီးအောင် မို့ ဇွတ်ကြိုးစားပြနေတာကိုး။ထင်တော့ထင်မိသား ဒင်းအဲ့လောက် အားကစားစိတ်ဓာတ်မရှိမှန်း ခန့်ဇော်သွေးအစထဲကခန့်မှန်းမိသား။

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now