###Unicode
Happy Valentine Day!!
Valentine day ဆိုသည့်အတိုင်း ထီလာမြို့ကြီးတွင်တော့ အရောင်အသွေးစုံလင်လှသော coupleအင်္ကျီများဖြင့် ချသ်သူစုံတွဲများ ဆိုင်ကယ်ကိုယ်စီဖြင့်သာ။ငယ်ရွယ်သူများစုဝေးရာ မိတ္ထီလာတက္ကသိုလ်ကြီးရှေ့တွင်လည်း ချောကလပ်များ၊ပန်းစည်းများများနှင့် အရုပ်မျိုးစုံတို့အား ရောင်းချလျက်ရှိကြသေးသည်။မိန်းကလေးအများစု၏ လက်ထဲ၌လည်း အရောင်စုံမွေးပွရုပ်ကြီးများပွေ့ပိုက်လျက်။
သူများအတွဲတွေ roနိုင်ပိုနိုင်ကြသော်လည်း သော်ထက်နိုင်ကိုတို့အတွဲအဖို့တော့ အခန်းထဲတွင်သာပြီးဆုံးတော့မည်ထင်သည်။ တခြားတော့မဟုတ် မနက်အစော ကျူရှင်ထသွား ကျူတိုကနေ့လည်ပိုင်းဖြေ ညနေရောက်တော့လဲကျူရှင်ကသွားရသေးသည်။ ကျူရှင်တစ်ရက်လောက်ပျက်ရအောင်ဆိုတော့လည်း မောင်ကမ္ဘာသစ်ကလက်မခံ ဒီနေ့လိုနေ့မျိုးမှာမှ ကျူရှင်သွားသင့်သည်တဲ့လေ ကြီးကြီးကျယ်ကျယ်။ အလကား အတွဲမရှိလို့ singleမို့ ကျူရှင်လာသည်ပေါ့လေ။သိသားဘဲ ကမ္ဘာသစ်အကြောင်းများအားနောကျေနေပြီ။ ခုကျူရှင်ပြီးတော့ လူလဲပြိုင်းနေပြီမို့ ကမ္ဘာသစ်အိမ်၌သာ အပန်းဖြေနေရသည်။
အခန်းထဲတွင်တော့ ကုတင်ခေါင်းရင်းအားမှီကာ ဂိမ်းဆော့နေသော သော်ထက်နိုင်ကို၏ပေါင်အား ခေါင်းအုံးကာကန့်လန့်ဖြတ်ပုံစံဖြင့် ဖုန်းကြည့်နေသူက မင်းကမ္ဘာသစ်။
ကို!!!
Enemy double kill!!!
သူ့အသံနှင့်အတူထွက်လာသည့် ဂိမ်းထဲမှ မိန်းမအသံအား ကမ္ဘာသစ်အလွန်မုန်းသည်။ကိုဆိုသာ်မှာလည်း အဲ့ဂိမ်းဆော့နေရင် သူ့အားရှိတယ်လို့ပင်မမှတ်တော့။
"ကိုလို့!"
"အွန်းပြော"
ပါးစပ်ကသာပြောဆိုပေမဲ့လူကတော့ ကြည့်မလာ။ဖုန်းထဲသာ ခေါင်းကြီးစိုက်၀င်သွားမတက် ကြည့်၍ လက်ကလည်း ဘာတွေနှိပ်နေသည်မသိ။
"ကို့ မြင်းစီးဖူးလား"
ENEMY TRIPLE KILL!!!
"အွန်း"
"ဟမ် ပြောတော့ကျွန်တော်နဲ့ First timeဆို "
"အွန်းလေ"
![](https://img.wattpad.com/cover/286626327-288-k340728.jpg)
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Romanceအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021