###unicode
တီ....တီ....တီ.....
နံနက်စောစော ခြံရှေ့မှ တတီတီမြည်နေသော ဆိုင်ကယ်ဟွန်းသံကြောင့် သော်ထက်နိုင် အိမ်ထဲမှထွက်ကာ ခြံရှေ့သို့လှမ်းကြည့်လိုက်သည်။
ချမ်းအေးလွန်းလှသော ထီလာဆောင်း၏ နံနက်စောအချိန်ကိုပင် အနွေးထည်မ၀တ် ဘောင်းဘီရှည်မပါပါဘဲ။ အမဲရောင် အသားကပ်ဘောင်းဘီနှင့်အင်္ကျီအပေါ်မှ လိမ္မောရောင်အားကစား၀တ်စုံအား ထက်၀တ်ထားသူ။အောက်မှစီးထားသော လိမ္မော်ရောင် sport shoe ပေါ်မှ အမှန်ခြစ်လေးက brandဟုပင်ဖော်ပြနေသေးသည်။ ခေါင်းတွင်လဲ nike တံဆိပ်အမှန်ခြစ်ပါခေါင်းပတ်အားပတ်ထားကာ ထိုအောက်မှနဖူးပြေပြေလေးနှင့် မျက်စိမှေးမှေးကောင်လေးမှာ အသားရေလှသူဖြစ်သူဖြစ်သည်ကတစ်ကြောင်း၊ အရပ်၆ပေပြည့်ရန် တစ်လက်မသာလိုနေသည့် အရပ်ကြီးကြောင့်တစ်ကြောင်း ကြည့်ရမဆိုးဘဲ ၀တ်ထားသည်နှင့် လိုက်နေသည်ကတော့အမှန်ပင်။
ခြံတံခါးဖွင့်ပေးကာ ခြံထဲသို့၀င်တော့ တစ်ခြံလုံးသို့ပင်မွှန်ထူသွားစေသော ထိုသူ၏ရေမွှေးနံ့များ။ ခေါင်းပင်မူးနှောက်သွားလောက်အောင် တစ်ပုလင်းလုံးပင်မှောက်လာသည်လားမသိ။
ခြံတံခါးပြန်ပိတ်ကာ ထိုသူရှိရာဆီသို့ လှမ်းလာတော့ ဆိုင်ကယ်ပေါ်မှဆင်းကာ ဟီးခနဲ တစ်ချက်ရီပြလေသည်။ဒီနေ့သူတို့မေဂျာမှ ဘောလုံးtraining စဆင်းရမည့်ရက်ဖြစ်သည်။
"training က၇နာရီမှကို မစောလွန်းဘူးလား ခုမှ၆နာရီတောင် မထိုးသေးဘူးလေ"
"ဗျာ!! ဟုတ်လား"
မှေးကျဥ်းကျဥ်းမျက်လုံးတစ်စုံမှာ တအံ့တသြဖြင့်ပင်ပြူးကျယ်ကာ လက်မှနာရီသို့ ကပြာကယာငုံ့ကြည့်တော့လည်း နာရီကမပါ။
"ဟို..တမင်စောပြီးတော့ထွက်လာခဲ့တာ နာရီကို မကြည့်မိတော့ ဒီလောက်ထိစောမယ်လို့ မထင်မိဘူး ဟီး!"
အရှက်ပြေလည်ပင်းသားများအား လက်ဖြင့်ပွတ်ကာ နှုတ်ခမ်းဘေးမှ အခွက်သေးသေးနှစ်ခုပေါ်သည်အထိရီပြနေသူက တကယ့်ကိုပင် တလွဲစိန်။
ရုပ်ရှင်ရှင်ကြည့်သည့်နေကလဲ သူအမှန်တကယ်မအိပ်ချင်ပါသော်လည်း ဒီကောင်လေးအားစချင်၍ ပုခုံးပေါ်သို့ခေါင်းတင်ကာပင် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ကိုယ်ခေါင်းတင်လိုက်သည့်အချိန်မှစ၍ တဖက်သူ၏ခန္ဓာကိုယ်လေးမှာ တောင့်တင်းကာလှုပ်ပင်မလှုပ်တော့။ဘင်ခရာတီး၀ိုင်းထက်ပင်အသံစုံကာကျယ်လောင်နေသော ရင်ခုန်သံတွေကြောင့် ကိုယ်ဘယ်လိုလုပ်အိပ်ပျော်တော့မှာလည်း ကောင်လေးရာ။
![](https://img.wattpad.com/cover/286626327-288-k340728.jpg)
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Romanceအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021