🌎 Part 25 🌎

550 61 10
                                    

##Unicode

ဟား! ဟား! ဟား!

ဟား! ဟား! ဟား!

"အေးအေး အရယ်လွန်ပြီး ပါးစပ်ပါပြန်စိမရဘဲနေအုံးမယ် နင်တို့နှစ်ယောက်"

နေမကောင်းလို့ ကျူရှင်မလာနိုင်ဘူးဆို၍ ယွန်းမြတ်သော်နှင့် သက်ထားနွယ်တို့နှစ်ယောက် ကျူရှင်ဆင်းတော့ အခြေအနေကြည့်ရန် ကမ္ဘာသစ်အိမ်သို့ တန်းလာခဲ့ကြသည်။ ဒီရောက်တော့ ကိုသော်ကြီးခမျာမျက်နှာငယ်လေးနှင့် မီးဖိုထဲတွင်ဆန်ပြုတ်ပြုတ်နေ၍ ကမ္ဘာသစ်ရောမေးတော့ အခန်းထဲမှာတဲ့။ အခန်းထဲ၀င်လိုက်လိုက်ခြင်းမှာဘဲ ပုတ်သိုးနေသောမျက်နှာဘေးနှင့် ကုတင်ခေါင်းရင်းကိုကျောမှီကာ ထိုင်နေသောမင်းကမ္ဘာသစ်ကြောင့် တစ်ခုခုဖြစ်သလားမေးလေတော့ မနေ့ကအဖြစ်အပျက်များကို ဖောက်သည်ပြန်ချလေတော့ ပါးစပ်ပင်မစိနိုင် ရီလိုက်ရတာအမော။

မရီဘဲလဲနေနိုင်ရိုးလားလေ နဂိုကတည်းကလူလည်ကျပြီးယူထားတဲ့နေရာကို ပြန်ပေးရမယ်ဆိုတော့ ကောင်းကောင်းပြန်မပေးဘဲ ပေါက်ကရတွေလျှောက်မေးတာကိုး။အဲ့တော့ဟိုကလဲ သူ့ကိုဘယ်ညှာတော့မလဲ။ ဘာတဲ့
'မစားဖူးမှန်းသိသာတယ် နွားသိုးကြိုးပြတ်ဇွတ်ကိုလုပ်တော့တာ'ဆိုတဲ့ ကမ္ဘာသစ်စကားအား အကြိုက်ဆုံး။

"မဟုတ်ပါဘူး ကမ္ဘာသစ်ရယ် သဘောကြလွန်းလို့ပါ"

"အာ့မို့ နင်ခုလို့အိပ်ယာထဲက မထနိုင်တဲ့ဘ၀ကိုရောက်နေတာပေါ့ ဟုတ်လား"

"ဟုတ်တယ်!!"

"သနားလိုက်တာ!!"

"သနားလိုက်တာ!!"

ဟား! ဟား! ဟား!

ဟား! ဟား! ဟား!

နှစ်ဦးစလုံးမှနှုတ်ထွက်စကားချင်း တူသည်နှင့် ပို၍သဘောကျကာအော်ရယ်ကြတော့သည်။

"အာ့မို့ နင်အခုသူ့ကိုထိုင်ရာမထခိုင်းနေတယ်ဆိုပါတော့"

သက်ထားနွယ်စကားအား ကမ္ဘာသစ်ခေါင်းငြိမ့်၍ပင် ပြန်ဖြေလိုက်သည်။

မနေ့ညကအကြောင်းကတော့ ပြန်ကိုမတွေးချင်တော့ တွေးမိတိုင်းဖင်နာတယ် တကယ်။ ညနေ၆နာရီလောက်ထဲက စတဲ့ခရီးက ည၁၀နာရီလောက်နဲ့မပြီး။ သူ့အလှည့်တုန်းကကျ တီလေးခေါ်လို့အိမ်ပြန်ရမှာနဲ့ဘာနဲ့ ကိုယ့်အလှည့်လဲကျရော ပြန်ခိုင်းတာကိုမရ။ နားချိန်ရယ်လို့တောင်ကိုယ့်မှာကောင်းကောင်းမရလိုက်ပါဘဲ မနက်၂နာရီထိုးသွားသည်။ ဒါတောင်ထက်ပြီးထောင်လာရင် ကတ်ကြေးနဲ့ဖြတ်ပစ်မယ်ဆိုလို့သာ ငြိမ်သွားတာ။

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now