တီတီ!! တီတီ!!
"ကမ္ဘာသစ်ရေ တံခါးလာဖွင့်ဟ!"
ခြံရှေ့မှ ဆူညံညံအသံကြောင့် နှစ်ချိုက်စွာ အိပ်မောကျနေသူ နိုးသွားမည်ဆိုး၍ ကမ္ဘာသစ်အလျှင်အမြန်ပင် အိပ်နေသူဘေးမှထကာ တံခါးသွားဖွင့်ပေးလိုက်သည်။ ကိုယ့်ချစ်သူနဲ့အတူနိုးထရမည့် မနက်ခင်းလေးကို ရင်ခုန်လွန်းလို့ အိပ်နေသူနိုးမည့်အချိန်စောင့်နေပါသည်ဆိုကာမှ လာနှောက်ယှက်ကြသည့် တကယ့်သာသနာဖြတ်တွေ။
"ဘာလဲ!! လူစုံတက်စုံနဲ့ ကျောင်းမသွားဘူးလား အားရင်ငါ့အိမ်ဘဲလာလာနေကြတယ်!"
တံခါးဖွင့်ဖွင့်ချင်းပင် ပိတ်ငေါက်နေပါသော ကမ္ဘာသစ်အား ယွန်းမြတ်သော်တို့်အဖွဲ့တော်တော် အချဥ်ပေါက်မိသည်။ သူ့ဆီဘဲ ကိုယ်တွေကလာချင်လွန်းလို့။ မနေ့ညထဲက စာမလာအကြောင်မကြားနဲ့ အဆင်ပြေမပြေလဲ မသိရ။ ဖုန်းဆက်တော့လဲမကိုင် ကမ္ဘာသစ်မကိုင်လို့ ကိုသော်ကြီးခေါ်တော့လည်း ကိုသော်ကြီးကပါမကိုင်မို့ တော်တော်စိတ်ပူလို့ ခုမနက်လိုက်လာခဲ့ရခြင်း။ဒါကိုပင် ဒင်းက လေသံမာမာနှင့်ပင် ပိတ်ဟောက်နေသေးသည်။ တော်တော်ကူညီချင်စရာ ကောင်းတဲ့သူ။ညကဖြင့် သူ့ဟာလေးထံ ဖုန်းဆက်ခိုင်းတော့ဖြင့် ဒီလေသံမဟုတ်။ လူတွေများ သိပ်အပြောင်းအလဲမြန်ချက်။
"အေးဟေ့! မနေ့ညက နင်အကြောင်းမပြန်လို့ လျောများလျောသွားပြီလားလို့ ရေလာချိုးပေးတာဟေ့ ရှင်းပြီလား"
"ဟာ! ထွီ! ဖတ်ဖတ်! လွဲပါစေ! မိသော်မ! မိုးမလင်းသေးဘူး နင်လျှောက်ပြောမနေနဲ့ "
"ကဲပါ! အပေါက်၀ကဖယ်စမ်းပါဟယ်"
ပြောရင်းဖြင့်ပင် အိမ်ထဲ၀င်သွားသော ယွန်းမြတ်သော်လက်ထဲတွင်ရော သက်ထားနွယ် လက်၌တွင်ပါ မုန့်ထုတ်များကအပြည့်။
"ဘာလုပ်တာလဲ မုန့်တွေရော"
"မနက်စာလေ ဆိုင်မသွားတော့ဘူး ပါဆယ်ဘဲတခါထဲ၀ယ်လာခဲ့တာ ဒီနေ့စနေလေ တစ်နေကုန်မင်းအိမ်မှာ နေမှာ"
ပြောလဲပြောရင်း နောက်ဖေးမီးဖိုချောင်ထဲ၀င်သွားသော နေသူစိုးမိုးပြန်ထွက်လာတော့ လက်ထဲ၌ ပန်းကန်တွေဇွန်းတွေအပြည့်။ဒီကောင်တွေဒီမှာနေလို့မဖြစ်။ အခန်းထဲကလူကရှိသေးသည်။
YOU ARE READING
ကို့ ကမ္ဘာသစ် (ongoing)
Romanceအချစ်မှာ မျက်စိမရှိသလို gender လဲမရှိဘူး။ နှလုံးသားက ကျား၊မ မရွေးဘူး ခုန်တတ်တယ်။ Starting date... 28.9.2021