🌎 Part 17 🌎

435 45 7
                                    

"ငသစ် နင်ဒီတစ်သတ်အဲ့ပုဆိုးကို၀တ်လို့ပြီးအုံးမှာလား တကယ်တည်းအခါတစ်သိန်းလောက်ပြင်၀တ်နေတာကို ခုထိစိတ်တိုင်းမကျနိုင်ဘူး။ အန်တီမေတို့ကစောင့်နေရတာကို"

"ဟ!! မိသော်ရာတဂျီဂျီတပူပူနဲ့ နင်မသိရင်အသာနေစမ်းပါ"

ကမ္ဘာသစ်မေမေတို့မနက်ဖြန်ပြန်ကြမည်မို့ ဒီနေ့တော့ရောက်တုန်းလေး မိတ္ထီလာအနှံ့ဘုရားပတ်ဖူးချင်တယ်ဆို၍ သူတို့သူငယ်ချင်းတစ်စုပါ လိုက်ပါမည်ဖြစ်သည်။

မိတ္ထီလာမြို့တွင်ကလည်ပတ်သွားမည်ဆိုလျှင် သွားစရာဘုရားတွေက တကယ်ပင်ပေါများလှသည်။သိမ်ကိုးသိမ်၊ရွှေမြင်မိ၊ထီးသုံးဆင့်၊လေးမျက်နှာဘုရား၊ရွှေဘုံသာ၊ရွှေမြင်တင်၊အောင်သိဒ္ဓိဘုရား၊မဟာဗောဓိ ဆုတောင်းပြည့်နဂါးရုံဘုရား၊ဓမ္မသုခရွှေစည်းခုံဘုရားနှင့် ဖောင်တော်ဦးဘုရား။တော်သလင်းလရောက်တိုင်းနှစ်စဥ်ကျင်းပသည့် မိတ္ထီလာမြို့၏အစည်းကားဆုံးပွဲတော်ကတော့ ဖောင်တော်ဦး ဘုရားပွဲပင်ဖြစ်သည်။

မိတ္ထီလာမြို့၏အနောက်ဘက် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမကြီးပေါ်တွင် တည်ရှိသော ထီလာပုဂံ။များပြားလှစွာသောဘုရားများအား မည်သည့်နေရာကပင်စတင် လည်ပတ်ဖူးမျှော်ရမည်မသိ။

အန်တီမေရဲ့ဖိတ်ခေါ်မှုကြောင့် ကိုသော်ကြီးလည်း မငြင်းသာ၍ လိုက်ပါလာမည်မို့ ကမ္ဘာသစ်အတွက်တော့ မျောက်အုန်းသီးရသလိုပင်။မသွားခင်ညထဲက group chat boxတွင် နားပူနားဆာတိုက်နေသည်က ဘုရားသွားရင် သူ့crushနဲ့ အင်္ကျီဆင်တူ၀တ်ချင်သည်တဲ့လေ။ကဲကြည့် ပုဆိုး၀တ်မှာသေချာတယ်တဲ့ ဘာအရောင်လဲဘဲမသိတာမို့ သိချင်တယ်တဲ့လေ။

ယွန်းမြတ်သော်တို့နေသည်က ကျောက်ဖူးထဲရှိ အမျိုးသမီးအဆောင်တွင်ဖြစ်၍ နေသူစိုးမိုးနှင့်ခန့်ဇော်သွေးက မကျီးကုန်းထဲတွင်မို့ သိပ်မဝေးလှ။ကမ္ဘာသစ်မေမေတို့တည်းသည့် Hein Hotel နှင့်ဆိုလည်း အတော်နီးပါသည်။ထိုနေရာတွင်ဘဲလူစုကြမည်လည်းဖြစ်သည်။

နေသူစိုးမိုးတို့အနေဖြင့် ကိုသော်ကြီးနေသည့်နန်းတော်ကုန်းဘက်ကိုဆိုလျှင် လမ်းကျောကမသင့်လှ။ဒါကိုပင်ဇွတ်စေခိုင်းချက်အရ မသွားချင်ပါဘဲသွားခေါ်ရသည်။ သွားခေါ်ရမည့်အကြောင်းအရင်းမှာလည်း အဓိပ္ပါယ်ကခပ်ရှိရှိ ကိုသော်ကြီး၀တ်သည့် အင်္ကျီအရောင်နှင့် ပုဆိုးအရောင်ကို သိချင်ကာ အတူ၀တ်ချင်သည်မို့ မသိမသာဓာတ်ပုံရိုက်ပို့ရမည်တဲ့။ထိုအခါမှ ကိုယ်တော်ချောက သူ့crushနှင့်အရောင်တူတာလိုက်၀တ်မည်တဲ့လေ။ တကယ့်အရှုပ်။

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now