🌎 Part 9 🌎

459 48 2
                                    

##Unicode

'ရည်းစားလူလု အူနုကျွဲခတ်' လို့ပြောရအောင်လည်း ကိုယ်တွေကရည်းစားတွေမဟုတ်ခဲ့။

နှစ်ဦးနှစ်ဖက် သက်ဆိုင်သူတွေမဟုတ်သော်လည်း တစ်ဖက်သတ် သက်ဆိုင်ချင်နေသူ ကမ္ဘာသစ်အတွက်တော့ ဒီအခြေအနေသည် အူနုကိုကျွဲခတ်သည်ထက်ပင် ပို၍ခံစားရခက်လွန်းသည်။ကိုယ် crushနေရသူ အထူးသဖြင့် ဘယ်ချိန်ကပင် ချစ်မိလို့ ချစ်မိသွားသည်မှန်းမသိရသူ။မြင်နေကျမျက်နှာအား ကျောင်းပိတ်သည့်စနေ၊တနင်္ဂနွေ၌ မတွေ့ရလျှင်ပင်မနေနိုင်တော့သည်ထိ စွဲလမ်းနှစ်ခြိုက်ရသူ။

ကိုယ်နှင့်ဆိုလျှင်အရယ်အပြုံးသိပ်မရှိသည့် အချေကိုယ်တော်၏ ကိုယ်တောင်မြင်ရခဲလှသော အပြုံးချိုချိုလေးများကို တစ်ပါးသူအားဖောဖောသီသီ​ေ၀​ေ၀ဆာဆာပြုံးပြနေသည်က ရင်အနာရဆုံး။

ဒီအပြုံးတွေကိုသူ့တစ်ယောက်ထဲအတွက် ဖြစ်စေချင်ခဲ့သော်လည်း လက်တွေ့တွင်တော့ ကိုယ်ကလွဲ၍ တခြားလူများသာ ပေါပေါသီသီရရှိနေခြင်း။

ကိုယ်ဘယ်လောက်ပင်လိုက်ကပ်နေပါသော်လည်း အေးစက်စက်အပြုအမူ မထုံတက်သေးပုံဖြင့်ပင်သာ။

'စော်ပစ်ကောင်'ဟူသည် nicknameရှိသည့် ကိုယ့် crush ၏အချစ်ရေးမှာ တကယ်ချစ်ပေးမည့်သူ မရှိသေးသောကြောင့် ဟုပင်ယူဆ၍ ပထမဆုံးအနေဖြင့် အပြည့်အ၀ချစ်ပေးသူမှာ ကိုယ်သာဖြစ်ချင်ခဲ့သည်။ ကိုယ့်ကြောင့်သာ သူ့နှလုံးသားအား ခုန်စေချင်ခဲ့သည်။ ခုတော့ တခြားလူဆီရောက်နေသောမျက်၀န်းညိုလေးတစ်စုံမှာ ကိုယ့်ဆီသို့ပင် တစ်ချက်ကလေးအလည်မလာခဲ့။
အရယ်အပြုံးမပျက် စကားများပြောကာ ဌာနအပေါ်ထက်သို့ တက်သွားခဲ့သူ၏ ကျောပြင်ကျယ်အားကြည့်ကာ သူရင်နာချင်မိ၏ သို့သော်။

အတန်းမတက်ဘဲ အိမ်ပြန်ချင်စိတ်သာ တဖွားဖွားဖြစ်ပေါ်နေသော်လည်း ကျူတိုဖြေရမည်မို့ ​ေ၀့သီနေသောအရည်ကြည်တို့အား မျက်တောင်များဖြင့် ပုတ်ခပ်ကာသိမ်းလိုက်ရသည်။အရာရာကိုခံစားပြီး မျက်ရည်လွယ်တတ်သည့်အကျင့်အားလည်း သူပြင်ရအုံးမည်။

ပုံမှန်ဆိုလျှင် ကိုယ့်ဘေးနားသို့ဇွတ်၀င်ကာ ထိုင်တတ်သည့်မင်းကမ္ဘာသစ်တစ်ယောက် ဒီနေ့မှာဖြင့် သော်ထက်နိုင်ကိုတို့အရှေ့တန်းတွင်သာ သူငယ်ချင်းမ နှစ်ယောက်နှင့်ပေါင်းထိုင်လေသည်။ အတန်းထဲသို့၀င်လာထဲကပင် မျက်နှာမကောင်း ကိုယ့်အားလဲ မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သေးသည်။ စူထော်ထားသည့်နှုတ်ခမ်းမှာလည်း ရှေ့လူကိုပင်သွားထိုးတော့မည့်အလား။အော် ဒီသောက်ကလေး ဘာတွေအလိုမကျဖြစ်ပြန်ပါလိမ့်။ထိုစဥ်တွင်ဘဲ

ကို့ ကမ္ဘာသစ် (ongoing)Where stories live. Discover now