Unicode
မေးခွန်းမရှိတဲ့ အဖြေဆိုတာ ဘာလဲသိလား မောင်...။
အဲ့အဖြေကလေ 'ချစ်တယ်'တဲ့။
တစ်ဖက်သတ်ဆန်တဲ့ ငါ့အချစ်တွေကို
မောင်မြင်လျက်နဲ့ ဥပေက္ခာပြုတော့
ရှိမလာမယ့် မေးခွန်းအတွက် အဖြေကို
ထပ်ခါထပ်ခါ ဖြေနေမိရုံဘဲ တတ်နိုင်တာပေါ့။'မောင်... ငါ မောင့်ကို သိပ်ချစ်တယ်'
-မြေ့နင်းခ
_____________
ဒုန်း............။
တစ်စုံတစ်ခုနှင့် ဝင်ဆောင့်မိသည့်အသံ။
ကျွီ.............။
ကားတိုက်မိသည် ဖြစ်ရမည်။
ရုတ်တရက် ပိန်းပိတ်အောင် မှောင်ကျသွားသည့်
အမှောင်ထုကြီး။ထို့နောက် ဝိုးတဝါး ပုံရိပ်များ.........။
" ခ ! ခ ! "
တစ်ယောက်ယောက်က သူ့နာမည်ကို အော်ခေါ်နေသည်။
" ...ပြောတာကြားလား မျက်စိမမှိတ်လိုက်နဲ့
ခဏလောက်ပဲ တောင့်ခံထားပေးပါကွာ
...တောင်းပန်ပါတယ် "တောင်းပန် တိုးလျှိုး ငိုကြွေးနေသံက
အမိန့်ပေးသံတွေပင် ရောယှက်နေသယောင်ယောင်။လေးပင်နေသည့် မျက်လုံးအစုံကို ဖွင့်ရန် ကြိုးစားကြည့်ပေမယ့် ဖွင့်၍ မရချေ။
နောက်တော့ ဝိုးတဝါးပုံရိပ်အချို့က
သူ့ရှေ့မှ ဖြတ်ပြေးသွားကြသည်။" မောင် ခကို ချစ်တယ်... " တဲ့လား။
ပဲ့တင်သံထပ်နေတဲ့ စကားလုံးအချို့က သူကြားအောင်
တမင် ထပ်ခါတလဲလဲ ပြောနေသလိုလိုပင်။နောက်ဆုံးတော့ မျက်လုံးအစုံသည် မှိတ်သွားခဲ့လေပြီ။
တရေးရေးနဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေကို
ဦးနှောက်က မေ့ဖျောက်ပေးဖို့
တောင်းဆိုနေသယောင်ယောင်...။နောက်တော့
မေ့ဖျောက်ချင်မိတဲ့ အတိတ်က
အမှတ်တရများဆီသို့...။တဖြည်းဖြည်းချင်း......................။
------------------------------------
✨October 6 ,2021✨Zawgyi
Unicode
ေမးခြန္းမရွိတဲ့ အေျဖဆိုတာ ဘာလဲသိလား ေမာင္...။
အဲ့အေျဖကေလ 'ခ်စ္တယ္'တဲ့။
တစ္ဖက္သတ္ဆန္တဲ့ ငါ့အခ်စ္ေတြကို
ေမာင္ျမင္လ်က္နဲ႔ ဥေပကၡာျပဳေတာ့
ရွိမလာမယ့္ ေမးခြန္းအတြက္ အေျဖကို
ထပ္ခါထပ္ခါ ေျဖေနမိ႐ုံဘဲ တတ္ႏိုင္တာေပါ့။'ေမာင္... ငါ ေမာင့္ကို သိပ္ခ်စ္တယ္'
-ေျမ့နင္းခ
_____________
ဒုန္း............။
တစ္စုံတစ္ခုႏွင့္ ဝင္ေဆာင့္မိသည့္အသံ။
ကြၽီ.............။
ကားတိုက္မိသည္ ျဖစ္ရမည္။
႐ုတ္တရက္ ပိန္းပိတ္ေအာင္ ေမွာင္က်သြားသည့္
အေမွာင္ထုႀကီး။ထို႔ေနာက္ ဝိုးတဝါး ပုံရိပ္မ်ား.........။
" ခ ! ခ ! "
တစ္ေယာက္ေယာက္က သူ႔နာမည္ကို ေအာ္ေခၚေနသည္။
" ...ေျပာတာၾကားလား မ်က္စိမမွိတ္လိုက္နဲ႔
ခဏေလာက္ပဲ ေတာင့္ခံထားေပးပါကြာ
...ေတာင္းပန္ပါတယ္ "ေတာင္းပန္ တိုးလွ်ိဳး ငိုေႂကြးေနသံက
အမိန႔္ေပးသံေတြပင္ ေရာယွက္ေနသေယာင္ေယာင္။ေလးပင္ေနသည့္ မ်က္လုံးအစုံကို ဖြင့္ရန္ ႀကိဳးစားၾကည့္ေပမယ့္ ဖြင့္၍ မရေခ်။
ေနာက္ေတာ့ ဝိုးတဝါးပုံရိပ္အခ်ိဳ႕က
သူ႔ေရွ႕မွ ျဖတ္ေျပးသြားၾကသည္။" ေမာင္ ခကို ခ်စ္တယ္... " တဲ့လား။
ပဲ့တင္သံထပ္ေနတဲ့ စကားလုံးအခ်ိဳ႕က သူၾကားေအာင္
တမင္ ထပ္ခါတလဲလဲ ေျပာေနသလိုလိုပင္။ေနာက္ဆုံးေတာ့ မ်က္လုံးအစုံသည္ မွိတ္သြားခဲ့ေလၿပီ။
တေရးေရးနဲ႔ ျပန္ေပၚလာတဲ့ မွတ္ဉာဏ္ေတြကို
ဦးေႏွာက္က ေမ့ေဖ်ာက္ေပးဖို႔
ေတာင္းဆိုေနသေယာင္ေယာင္...။ေနာက္ေတာ့
ေမ့ေဖ်ာက္ခ်င္မိတဲ့ အတိတ္က
အမွတ္တရမ်ားဆီသို႔...။တျဖည္းျဖည္းခ်င္း......................။
------------------------------------
✨October 6 ,2021✨
YOU ARE READING
UM (Completed)
RandomWarning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 months , 2 weeks and 1 day. Unforgettable memories [မေ့ဖျောက်ချင်မိ] မိုးမိရက်ခ×မြေ့နင်းခ ( Married) လူန...