PART 15

22.5K 1.1K 15
                                    

Unicode

" အိပ်မက်ထဲမှာတော့ မောင်က ငါ့ကို ချစ်တယ်တဲ့...။ "

" မောင် "

" အွန်း ပြောလေ ခ "

" မောင့်ကို ငါသိပ်ချစ်တယ် "

" မောင်ရောပဲ "

အိပ်မက်တစ်ခု...။
ဒီလို အိပ်မက်မျိုးသာဆိုရင်
ငါတစ်သက်လုံး မနိုးထချင်တော့ဘူး မောင်။
ငါနဲ့အတူ မောင်ပါ တည်ရှိနေမယ့် ဒီအိပ်မက်ကမ္ဘာလေးထဲမှာဘဲ တစ်ဘ၀လုံးကို မြှုပ်နှံပစ်လိုက်တော့မယ်။

တစ်နေကုန် အိပ်နေမိပြီး
ည၁၁နာရီလောက်မှသာ နိုးလာသည်။
အောက်ထပ်ကို ဆင်းလာတော့ အကုန်နီးပါး
အိမ်နောက်ကို ပြန်ကုန်ကြပြီဖြစ်ပေမယ့်
ဟိုညီအစ်မနှစ်ယောက်ကတော့ မပြန်ကြသေး။
ဧည့်ခန်းထဲ၌ ပိကျိပိကျိအသံလေးများဖြင့် ဘာတွေ ပြောနေမှန်းမသိ ပြောနေကြသည်။ သူ၀င်လာတော့ ဆိုဖာပေါ်မှာ ထိုင်နေရာကနေ အမြန် ဆင်းပြီး ကြမ်းပြင်ပေါ် ပြောင်းထိုင်ကြသည်။ သူ၀င်ထိုင်တော့လည်း ထွက်သွားဖို့ လုပ်ကြပြန်သည်။

" အကိုလေးခ သမီးတို့ကို ခွင့်ပြုပါဦး "

" နင်တို့က ငါလာမှ ထပြန်ကြတာ ဘာသဘောလဲ "

သူပြောလိုက်တော့ မျက်နှာလေးတွေက ဇီးရွက်လောက်လေးတွေ ဖြစ်ကုန်ကြသည်။

" အဲ့ အဲ့လိုမဟုတ်ပါဘူးရှင့် "

" အဲ့တာဆို ပြန်ထိုင်ကြလေ နင်တို့ထဲက တစ်ယောက်ဖြစ်ဖြစ် ငါ့ကို စားဖို့ တစ်ခုခု သွားလုပ်ပေးပါလား "

သူနှင့်နှစ်ယောက်တည်း မကျန်ခဲ့ချင်ကြ၍ ထင်သည်။
သူသွားမည် ငါသွားမည် လုပ်နေကြလေသည်။

" အငယ်မ ငါသွားလိုက်မယ် "

" နေပါ မမကြီးကလည်း သမီးပဲသွားလိုက်ပါ့မယ် "

" ဟဲ့ အငယ်မ "

အငယ်မဆိုသူ ထွက်သွားတော့ ကျန်တဲ့တစ်ယောက်က ကြောက်ကြောက်လန့်လန့်ပုံစံနှင့် သိုး‌မွှေးကို တုန်တုန်ယင်ယင်ဆက်ထိုးနေလေသည်။

" စိတ်၀င်စားဖို့ကောင်းလား "

အဖြေပြန်မလာ။

UM (Completed)Where stories live. Discover now