PART 10

22.4K 1.1K 1
                                    

Unicode

မျက်လုံးအစုံအား ဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်
မျက်နှာကျက်က မရင်းနှီးနေ။
ဒါ သူ့အခန်းမဟုတ်။
သူဘယ်ရောက်နေတာလဲ။
သူ့ဘေးမှာလည်း ယောက်ျားတစ်ယောက်က
၀တ်လစ်စလစ်နှင့် လဲလျောင်းနေသည်။
စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်ထဲကို လက်ထိုးမွှေပြီး
ဘေးဘီ၀ဲကြည့်လိုက်တော့ အပြင်အဆင်က
ဟိုတယ်အငွေ့အသက်တွေ ရနေသည်။
ညက ဘာတွေဖြစ်ခဲ့တာလဲ။
ဘေးတွင် အိပ်နေသည့် ယောက်ျားကရော ဘယ်သူလဲ။ ကျောပေးအိပ်နေသူကို တစ်ဖက်လှန်ကြည့်လိုက်တော့
မြင်လိုက်ရသည့်မျက်နှာကြောင့် သူစိမ်းတစ်ယောက် ဟုတ်မနေသည်ကိုတော့ သေချာသိရှိသွားသည်။

" မြေ့နင်းခ ထစမ်း...မြေ့နင်းခ! "

" အွန် "

အိပ်မှုန်စုံမွှားဖြင့် နိုးလာသည့်သူကို
ပုခုံးကနေ အတင်းဆွဲထူကာ လှုပ်ယမ်းပစ်လိုက်သည်။

" ဒါ ဘယ်လိုဖြစ်တာလဲ ရှင်းစမ်း "

" ဘာကိုလဲ ရက်ခ "

" ဟာကွာ ကျစ်! မင်းငါ့ကို ဘာလုပ်လိုက်တာလဲ "

" ရက်ခ အရမ်းတွေ အဖြစ်သည်းပြမနေနဲ့
ခံရတာ ငါ "

ထိုစကားကြောင့်
ရက်ခတစ်ယောက် အလိုလို ခေါင်းငိုက်စိုက် ကျသွားပြီး
ပုခုံးကို ဆုပ်ကိုင်ထားသည့် လက်မှ အားများလည်း
သိသိသာသာ လျော့ကျသွားသည်။

" မင်း လျှောက်ပြောနေတာ "

" လျှောက်ပြောလား မပြောလားသိချင်ရင်
ကိုယ့်ဖင်ကို ပြန်စမ်းကြည့်လေ "

" ဘာပဲပြောပြော ငါမူးနေတာလေ၊
မင်းအလိုမတူဘဲ ငါကလုပ်လို့ရမှာလား၊
ပြီးတော့ ယောက်ျားသားတစ်ယောက်ဖြစ်ပြီး
မင်းကငါလုပ်တာကို ငြိမ်ခံနေတယ်ပေါ့လေ၊
မင်းငါ့ကို ဒီတိုင်းထားခဲ့လို့မရဘူးလား ဟမ်! "

" ရူးနေတာလား ရက်ခ၊ ဒီလောက်မူးရူးနေတဲ့ မင်းဆီကနေ ငါက ရုန်းနိုင်မယ်လို့ ထင်နေတာလား "

" ကျစ်! ရွံတာကွာ "

" အေး ငါကတော့ မင်းကိုချစ်တယ် "

" ဟာကွာ သောက်ရေးမပါတာတွေ လာမပြောနဲ့၊
ငါသွားမယ် မင်းဘာသာမင်းနေခဲ့လိုက်တော့ "

UM (Completed)Where stories live. Discover now