PART2

30.2K 1.4K 14
                                    

Unicode

လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက်က ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေဆီ ပြန်သွားကြည့်ကြရအောင်...။

ကလင် ကလင် ကလင်...

" ခ-ရေ ! ခ ! ခ-ရေ ! ခ-ရေလို့ ! "

ကလင် ကလင်။

ခြံရှေ့၌ ရက်ခတစ်ယောက် စက်ဘီးတစ်စီးဖြင့်
သူထွက်မလာမချင်း လက်ကမြင်းကြောထကာ
ဘဲလ်အား မနားတမ်း တီးနေလေသည်။

" လာပြီလာပြီ "

စာမေးပွဲပြီး၍ ကောင်းကောင်းနားမည်ဟု ကြံတုန်း
ဒင်းက ရောက်ချလာခြင်းဖြစ်လေသည်။

" ဘာလာလုပ်ပြန်ပြီတုန်း၊ တစ်ရက်တလေလေး ငါ့ကို တစ်ယောက်တည်း လွှတ်ထားပေးလို့ မရဘူးလား ဟမ် "

ပြောနေသည်ကို ဂရုမစိုက်ဘဲ ရက်ခတစ်ယောက်
သူလာရသည့် အကြောင်းအရင်းကိုဘဲ
ဦးတည် ပြော‌‌တော့သည်။

" ခ ဟိုဘက်လမ်းမှာ ရေခဲမုန့်ဆိုင်အသစ်ဖွင့်တယ်တဲ့
သွားစားရအောင် နော် "

လိုက်ရင် ကောင်းမလားဟု စဉ်းစားနေလိုက်သည်။
ရေကလည်း မချိူးရသေးပေ။

" နော် နော် နော် ခ၊ နော်...လို့ "

သူ့ လက်မောင်းကို ဆွဲကာ ယမ်းပြီး
နှုတ်ခမ်းတထော်ထော်နှင့် ကလေးတစ်ယောက်လို
ပြောဆိုပြုမူနေသည့် ရက်ခကို သူဘယ်ငြင်းနိုင်ပါ့မလဲ။
ကြည့်ရင်း စိတ်ဆိုးချင်စိတ်တွေပင် ပျောက်သွားရလေသည်။

" အွန်း အွန်းးးး "

သူ စိတ်မရှည်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
ထိုအသံက ပွယောင်းကာ ရှုပ်နေသည့်ဆံပင်နှင့် သူ့အားအိပ်မှုန်စုံမွှားဖြစ်နေသည့် အသွင်ကို ဆောင်‌စေလေသည်။

" လာ တက် "

" ဒီတိုင်းလိုက်ခဲ့ရမှာလား "

မြေ့နင်းခ တီရှပ်အဖြူနှင့် ပုဆိုးအ‌ဟောင်းဝတ်ထားသည့်
သူ့ပုံစံသူကြည့်ပြီး ပြောလိုက်လေသည်။

" အင်းလေ၊ လာပါ ခ-ရာ တစ်လမ်းကျော်လေးတင်ကို "

စက်ဘီးနောက်ခုံပေါ်သို့  ငူငိုင်စွာ တက်ထိုင်လေတော့
ရက်ခက သူ၏ခါးထက်သို့ မြေ့နင်းခ၏လက်အစုံကို
နောက်ပြန်ဆွဲကာ တင်စေလေသည်။

UM (Completed)Where stories live. Discover now