PART4

22.2K 1.2K 25
                                    

Unicode

မျက်လုံးအစုံကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်မှာပင်
နာကျင်မှုဒဏ်ကို စတင် ခံစားရတော့သည်။
သူ မောင့်အခန်း၏ အေးစက်စက်ကြမ်းပြင်ပေါ်တွင်
ညက အတိုင်းလေးပင် ခွေလျက်ရှိနေ၏။
မောင်ကတော့ မွေ့ယာထက်မှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
မောင် နိုးမည်စိုး၍ ခြေဖွဖွလေးနင်းပြီး
မျက်စောင်းထိုးတွင် ရှိသည့်
သူ့အခန်းရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။

သွေးအလိမ်းလိမ်းပေကျံနေသည့်
အင်္ကျီဖြူကို ချွတ်ပြီး ကိုယ်လက်သန့်စင်တော့
ရေစက် ရေပေါက်တွေက
ကျောပြင်ထက်ရှိ ရှိရင်းစွဲ နာကျင်မှုတို့ကို ပို၍ တိုးလာစေသည်။

မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိတော့
သိပ်ကို သနားဖို့ ကောင်းလွန်းနေသည့် အသွင်က ထင်ဟပ်နေလေသည်။

အချိန်ကား မနက်ကိုးနာရီ။
ဆေးထည့်ပြီး ထမင်းစားခန်းဆီ ဆင်းလာတော့
မောင့်ကို မတွေ့။
ဪ မောင်အလုပ်သွားပြီထင်တယ်။

ညနေရောက်တော့ မောင်က အိမ်ကို ကောင်လေးတစ်ယောက် ခေါ်လာသည်။ ငယ်ငယ်ရွယ်ရွယ် ဖြူ‌ဖြူချောချောရုပ်လေးနှင့် ချစ်စရာအတိပေ။

" ပြန်လာပြီလား ရက်ခ "

မောင် သူ့ကို ဂရုမစိုက်ပေ။
လှေကားတစ်ထစ်ချင်းစီပေါ် ဘာသိဘာသာဖြင့်
တက်သွား‌တော့ အတူပါလာသည့် ကောင်လေးက
သူ့ကို တစ်ချက်မျှ ငဲ့ကြည့်ပြီး မောင့်နောက်သို့
ထပ်ကြပ်မကွာ လိုက်တက်သွား၏။

မြေ့နင်းခလည်း အနောက်က ပါလာသည်ကို မိုးမိရက်ခ သိ၏။ သူ့အခန်းသူ ဝင်သွားသည့် မြေ့နင်းခကို
သူဝေ့ကြည့်လိုက်သေးသည်။

' ကလင် ကလင် ကလင် '

ဧည့်ခန်းထဲမှ ဖုန်းမြည်သံကို ကြားတော့
မိမျှင်တစ်ယောက် မီးဖိုခန်းထဲမှ ပြေးထွက်လာသည်။

" ဟယ်လို "

" မြေ့နင်းခကို ငါ့အခန်းထဲ နွားနို့လာပို့ခိုင်းလိုက် "

" ဟုတ်ကဲ့ "

မိမျှင်တစ်ယောက် နွားနို့ဗန်းအား ကိုင်လျက်ဖြစ်နေသည်
ကြောင့် တံခါးကို မခေါက်ဘဲ အခန်းတွင်းသို့ အသံပြုလိုက်သည်။

UM (Completed)Where stories live. Discover now