PART 7

21.5K 1.1K 5
                                    

Unicode

" ညီ မင်း ရက်ခကို ကြိုက်နေတယ်မလား "

" ကျွန်တော် အကို့ကို တွေ့ဖို့ ခေါ်လိုက်တာ ဒီအကြောင်းပြောဖို့မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ ရက်ခကို လမ်းခွဲပေးပါ၊ တောင်းဆိုတာပါ "

" ကိုယ် ဘာကြောင့်လဲ သိလို့ရမလား "

" ကိုဇေ ကိုယ့်ဘာသာ အသိဆုံးဖြစ်မှာပါ၊ သေချာတာကတော့ ရက်ခကို အကို့လက်ထဲက လုချင်လို့ မဟုတ်ဘူး၊  ကျွန်တော်က ရက်ခကို မနာကျင်စေချင်ယုံ သက်သက်ပဲ "

" ကိုယ် မင်းပြောတာ သိပ်တော့ နားမလည်ဘူး
လမ်းခွဲ‌ပေးစေချင်ရတဲ့ ခိုင်မာတဲ့ အကြောင်းပြချက်က ဘာလဲ "

" ဟိုနေ့က ကောင်လေးက အသိညီသက်သက် မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်၊ အဲ့လိုဘဲ အကို့မှာ ကျွန်တော့်သူငယ်ချင်းရက်ခတစ်ယောက်တည်း ရှိတာမဟုတ်ဘူးဆိုတာလည်း သိတယ် "

" မင်း ကိုယ့်အကြောင်းတွေ စုံစမ်းထားတာပဲ
ဘယ်လိုပဲပြောပြော ကိုယ် လမ်းမခွဲပေးနိုင်ဘူးထင်တယ်
သူ ကိုယ့်ကိုချစ်တာ ညီသိတယ်မလား "

" အကိုကရော သူ့ကို ချစ်လို့လား "

" ချစ်တာ မချစ်တာထက် ကိုယ် သူနဲ့ တွဲရတာ ပျော်တယ် "

" အကိုလမ်းမခွဲပေးဘူးဆိုရင် ကျွန်တော့်ဘက်က
လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပဲ "

" မင်းကိုယ့်ကို အခွင့်အရေးတစ်ခုလောက်တော့
ပေးသင့်တယ်လို့ မထင်ဘူးလားညီ "

" မရဘူးအကို ပေးလို့ မရဘူး၊ အဆုံးသတ်ကျ နာကျင်ရမှာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်တည်းလေ၊ အကိုကရော အကိုလည်း သူ့ကိုချစ်မလာနိုင်ဘူးမလား ကိုယ်လည်း မချစ်နိုင်ဘဲနဲ့ ဘာလို့ သိမ်းထားချင်ရတာလဲ "

" ဒီကိစ္စကို အကို ရက်ခကို ပြောပြရလိမ့်မယ်နော် "

" အကို့ သဘောပါ၊
ကျွန်တော် သွားတော့မယ် "

" ညီ ကိုယ်အကြံပေးလိုက်ချင်တယ်
ယူတာမယူတာတော့ မင်းသဘောပါ၊
ခံစားချက်တွေကို မသို၀ှက်ထားပါနဲ့
နောက်မှ နောင်တရရမယ့်အဖြစ်မျိုး မင်းလည်း
ကြုံချင်မှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်
မင်းသူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာ ပိုကောင်းလိမ့်မယ်နော် ကိုယ်ညယဘာကို ဆိုလိုချင်မှန်း မင်းသိပါတယ် "

UM (Completed)Where stories live. Discover now