PART 31

14.2K 759 24
                                    

Unicode

" ဒီနေ့ အလုပ်မသွားနဲ့တော့၊ သမီးငယ်ကို အပြင် လိုက်ပို့ပေးလိုက် "

" ကျွန်တော်က ဘာကိစ္စနဲ့ လိုက်ပို့ပေးရမှာလဲ၊

သူသွားချင်တဲ့နေရာ သူ့ဘာသာသွားပါစေပေါ့ "

မနက်စောစောစီးစီး သူတစ်ပါးအိမ်ကို ရောက်နေသည်တဲ့။

ဘယ်လို မိန်းကလေးမျိုးလဲ။

" ဟဲ့ သမီးငယ်ရှိတာကို ဘယ်လိုတွေ ပြောနေတာလဲ "

" မာမီကရော ဘယ်လိုတွေ ပြောနေတာလဲ၊

ကျွန်တော့်ဘေးမှာ ခတစ်ယောက်လုံးရှိနေတာကို "

မျက်နှာပြောင်တိုက်ချက်ကတော့ ဩချလောက်ရပေသည်။

" မာမီတောင်းပန်ပါတယ် သမီးရယ်၊ သားက အဲ့လိုပဲ...၊

ဘုကန့်လန့်ရယ် "

" ရပါတယ် အန်တီ၊ လူငယ်ပဲ "

မိခင်ဖြစ်သူကသာ သူမကိုယ်သူမ မာမီဟု သုံးနှုန်းနေတာ ဟိုတစ်ယောက်ကတော့ အန်တီတဲ့။

" မောင် သွားလိုက်လေ "

ထိုချိန် ဆေးဆိုးပန်းရိုက်မျက်နှာနှင့် မိန်းကလေး၏အကြည့်သည် သူတို့ဆီ ရောက်လာ၏။ ဒါကို သတိထားမိသည့် ဒေါ်ခက်ခက်နွယ်သည် ချက်ချင်းပင် အာရုံပြောင်းပစ်လေသည်။

" သားခကတောင် ပြောနေပြီပဲ၊ သွားလိုက်လေ သားရဲ့ "

ခကို ကြည့်တော့ 'သွား ငါဘာမှမဖြစ်ဘူး' ဆိုသည့် အပြုံးလေးဖြင့် တုံ့ပြန်သည်။ အမှန်ဆို ဒီနေ့ ခကို ကုမ္ပဏီသို့ ခေါ်သွားမှာ ဖြစ်သည်။

မွ

" ဒါဆို မောင် သွားပြီနော်၊ စောစော ပြန်လာခဲ့မယ်၊

အပေါ်တက်တော့ "

သူနမ်းလိုက်တော့ မာမီက မျက်နှာကြီး ချက်ချင်းဆိုသလို ပျက်ကျသွားသည်။ ဟိုတစ်ယောက်ကို ကြည့်တော့လည်း တစ်ခုခုကို နားလည်သွားဟန်ဖြင့် မာမီ့ကို ကြည့်နေသည်။

ထို့နောက် သူဧည့်ခန်းထဲကနေ ထွက်လာလိုက်တော့

နောက်က လိုက်ပါလာသူက ထိုမိန်းကလေး။

UM (Completed)Where stories live. Discover now