Unicode
ဦးနှောက်မှာ သွေးခဲနေတာ တစ်နှစ်....ဟုတ်သည် တစ်နှစ်ရှိပြီ။
စစသိချင်းမှာ ဆရာဝန် ပြောတာကတော့ အခုချက်ချင်း ခွဲစိတ်မယ်ဆိုရင် အရှင်းပျောက်မည်တဲ့။ ဒါပေမယ့် ကျွန်တော် ခွဲစိတ်ဖို့ကို မရွေးချယ်ခဲ့ဘူး။ စိတ်ရှုပ်ဖို့အကောင်းဆုံးကိစ္စရပ်ကို ပြောပါဆိုရင် အသက်ရှင်နေထိုင်ရသည်က ထိပ်ဆုံးပဲပေါ့။
အခု ကျွန်တော့် အသက် ၁၉နှစ်၊ပညာရေးက ကိုးတန်းနှစ်မှာ ဆုံးခန်းတိုင်ခဲ့တယ်။ မိဘတွေက ကျွန်တော့်အသက် ၅နှစ်မှာ ကားမှောက်ပြီး တိမ်းပါးသွားခဲ့တာ လေ။အဲ့အချိန်မှာ ကျွန်တော့် အစ်ကို နေ့သစ်မိုင်က တက္ကသိုလ်ဝင်တန်း ဖြေပြီးခါစ။မိဘတွေလက်ထက်က စီးပွားရေးက ကျွန်တော်တို့လက်ထက်မှာ ပျက်တော့မယ့်အချိန်ပေါ့။ ကယ်တင်ရှင်လို့ဘဲ ဆိုရမလား၊အလစ်သုတ်ဖို့ချောင်းနေသည့်သားရဲလို့ဘဲ ဆိုရလေမလား၊ လုပ်ငန်းရှင်တစ်ဦးက ကုမ္ပဏီကို ကျွန်တော့်တို့ဆီက ဝယ်ပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်လုံးကိုလည်း မွေးစားခဲ့တယ်။ ဘာရည်ရွယ်ချက်တွေရှိနေလည်းဆိုတာကိုတော့ အခု ကုမ္ပဏီကို ကျွန်တော့်အစ်ကို ပြန်ဦးစီးနေတဲ့အထိ မသိရသေးပေ။
ဒီနေ့လည်း ပုံမှန်လိုဘဲ ဆေးရုံသို့ ဆေးစစ်ချက်ခံယူရန် လာခဲ့သည်။ အသက်ဆက်ရှင်ဖို့ကို မရွေးချယ်ခဲ့ဘူးဆိုရင်တောင်မှ ကျန်နေသေးတဲ့ ဘဝသက်တမ်းအတွက်တော့ ဆေးအထောက်အပံ့ယူရဦးလေမည်။
သေဖို့လမ်းကို ရွေးချယ်ထားသည့် ကျွန်တော်သည်....ထိုနေ့။
ဟုတ်သည်....ထိုနေ့။
ထိုနေ့က တွေ့လိုက်ရသည့် လူသား။
ကျွန်တော့် ရွေးချယ်မှုအတွက် နောင်တသည် သူနှင့်တွေ့သည့် အခိုက်အတန့်တွင် ပေါ်ပေါက်လာခဲ့သည်။
ထိုနေ့က အိမ်ပြန်လမ်းတစ်လျှောက်တွင် ရေရွတ်မိခဲ့သည်က ထိုလူသားလေးနှင့် နောက်တစ်ကြိမ်တော့ ထပ်ဆုံချင်မိသေးသည်။
" ကိုကြီး ညီ ခွဲစိတ်ချင်တယ် "
ထိုသို့ ပြောလိုက်တော့ အစ်ကိုဖြစ်သူမျက်နှာတွင် အံ့ဩမှုတို့က အထင်းသား။ တစ်ဆက်တည်းမှာဘဲ ပြောလာသည်က။
ESTÁS LEYENDO
UM (Completed)
De TodoWarning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 months , 2 weeks and 1 day. Unforgettable memories [မေ့ဖျောက်ချင်မိ] မိုးမိရက်ခ×မြေ့နင်းခ ( Married) လူန...