PART 9

20.4K 1.1K 4
                                    

Unicode

မောင်နှင့် သူ့ရဲ့ အိမ်ထောင်သက်တမ်းက နှစ်နှစ်ကျော်ရှိပြီဖြစ်သည်။

မောင် ရုတ်တရက်ဆန်စွာ အိမ်သို့ ရောက်လာသည့်နေ့ကို မှတ်မိသေးသည်။ ပြောခဲ့တဲ့စကားတချို့ကိုပင် ခုထိ ပြန်ကြားယောင်နေဆဲဖြစ်သည်။

" ကျွန်တော်က သဘောရိုးနဲ့ကူညီတာပါ၊
ဒီငွေတွေကို ပြန်ပေးစရာလည်း မလိုပါဘူး၊
ကျွန်တော် ပေးတဲ့ငွေတွေက
လုပ်ငန်းပြန်ထူထောင်ပြီး လည်ပတ်ဖို့
ကောင်းကောင်းလုံလောက်မယ်လို့ မျှော်လင့်ပါတယ်၊
အန်ကယ်တို့ ဒီလို ဖြစ်နေတယ်ကြားတော့
ကျွန်တော် အရမ်းစိတ်ပူပြီးချက်ချင်းပြန်လာခဲ့တာ၊
ပြီးတော့ ခ အတွက်လည်း စိတ်မပူပါနဲ့၊
ကျွန်တော် ခကို တကယ်ချစ်တာပါ၊
သူ့ကို သေချာပေါင်းသင်းမှာပါ "

အလိမ်အညာတွေလေ။
စကားတစ်ခွန်းစီတိုင်းက အလိမ်အညာတွေ ဖြစ်နေခဲ့တာ။

မိဘတွေက မတတ်သာလို့
မောင့်လက်ထဲ သူ့ကို ထည့်ခဲ့ရတာ။

ငါမတုံးဘူး မောင်။
မင်းငါ့ကို လက်ထပ်တာ သဘောရိုးမဟုတ်ဘူးဆိုတာလည်း
ငါခန့်မှန်းမိပြီးသား။ ဘယ့်နှယ် ငါ့ကို အသိတောင်မပေးဘဲ
နိုင်ငံခြားထွက်သွားတဲ့ မင်းက ခုမှ လာပြီးချစ်တယ်ပြောရင်
ငါယုံမယ်လို့ မင်းထင်ခဲ့တာလား။ ပြီးတော့ ငါစိတ်ပိုင်းဖြတ်နိုင်နေပြီဆိုတဲ့ အချိန်ကျမှ မင်းက ဘာလို့ငါ့ဘ၀ထဲကို ထပ်၀င်ရောက်လာခဲ့တာလဲ။

ထင်တဲ့ အတိုင်းပါပဲ။
မောင့်ကို လက်ထပ်ပြီးတဲ့နောက်မှာ လွတ်လပ်မှုဆိုတာ
ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။
အိမ်တွင်း အကျဉ်းချခံခဲ့ရတယ်။
မလိုရင်မလိုသလို နှိပ်စက်တာလည်း ခံရတယ်။
ကောင်လေးတွေကိုလည်း ခေါ်လာပြီး
ငါ ရှိရမယ့်နေရာမှာ သူတို့ကို အစားထိုးပစ်တယ်။

မောင် မင်းသိရဲ့လား။
ငါ့စိတ်တွေ မသေရုံတမည် ဖြစ်နေခဲ့ပြီဆိုတာ။
ထိုက်တန်ပါတယ်။
ငါဖန်တီးယူထားတဲ့ ငါ့ကံကြမ္မာပဲလေ။
ပြန်ပြင်လို့မှ မရတော့ပဲ။

မင်း လုံးဝမမှားပါဘူး။
ဟိုးအစကနေ အဆုံးထိ
ငါတစ်ယောက်တည်းဘဲ မှားနေခဲ့တာ။
ငါ လုပ်ခဲ့တဲ့အရာက ဒီလိုမျိုး မင်းနဲ့ငါ့ရဲ့အနာဂတ်မျိုးကို သယ်ဆောင်လာလိမ့်မယ်ဆိုတာကို ငါသိနေခဲ့ရက်နဲ့ကို
ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တာလေ။
မင်းကို ပိုနာကျင်စေဖို့ဆိုတာ ရည်ရွယ်ဖို့ မပြောနဲ့
တွေးတောင် မတွေးဖူးတဲ့ အရာပဲ။
ဒီရက်တွေထဲမှာ ငါဆက်တိုက် စဉ်းစားနေမိတယ်။
အကယ်၍များ ငါသာ ပွင့်လင်းခဲ့မယ်ဆိုရင်ရော
ဘယ်အရာတွေက ထူးထူးခြားခြား ပြောင်းလဲသွားနိုင်လောက်လဲ။
အဲ့ညက အဖြစ်အပျက်လည်း မဖြစ်ခဲ့ဘူးဆိုရင်ရော
မင်းငါ့ကို ဒီလောက်ထိ ရွံမုန်းနေမယ် မထင်ဘူး။

UM (Completed)Donde viven las historias. Descúbrelo ahora