Unicode
" သားတို့ရယ် လာမယ်ဆိုတာကို ကြိုဖုန်းမဆက်ဘူး "
" အန်တီ အံ့ဩသွားအောင်လို့ပါ "
" ညအိပ်ကြမှာလား သားတို့ "
အန်တီမေးတော့ ခက သူ့ကို 'ဘယ်လိုလဲ' ဆိုတဲ့ အမေးသဘောမျိုးဖြင့် ကြည့်လာသည်။
" ခ မင်းသဘောလေ အိပ်ချင်လား "
" အွန်း အဲ့တာဆို ဒီည အိပ်ပြီး မနက်ဖြန် ပြန်ကြမယ်လေ ၊ မင်းဖြစ်ရဲ့လား ရက်ခ "
" အွန်း ဖြစ်တယ်ခ လာမှတော့ အေးဆေးပေါ့ ၊
သန်ဘက်ခါမှဘဲ ပြန်ကြမယ်လေ "" အဲ့တာဆိုလည်း ကိုယ်လက်ဆေးပြီး အ၀တ်အစားသွားလဲကြ ၊ ပြီးရင် နေ့ခင်းဘက် တစ်ရေးတစ်မောလောက်
အိပ်လိုက်ကြဦး "" ဟုတ် အန်တီ "
" ဒါဆို သားတို့ အပေါ် တက်တော့မယ်နော် မေမေ "
" အေးအေး သား "
မေမေတို့ဆီ လာတိုင်း အိပ်နေကျ အခန်း၊
သူအရင်ကသုံးသည့် အခန်းထဲရောက်တော့။" ခ မင်းအရင်ချိုးမလား ဒါမှမဟုတ် ငါပဲ အရင် ချိုးလိုက်ရမလား "
" မင်းအရင် ချိုးလိုက်လေ ငါ ခဏ နားလိုက်ဦးမယ် ရက်ခ "
ရေချိုးခန်းထဲ ၀င်သွားသည်နှင့်တစ်ပြိုင်နက်
အောက်ထပ်ကို ပြန်ဆင်းလာလိုက်ပြီး အပြင်ထွက်ဖို့ လုပ်တော့ ခြံထဲမှာရှိနေသည့် မေမေက အမေးဆိုလာသည်။" သားငယ် ဘယ်သွားမလို့လဲ "
" လမ်းထိပ်ခဏ မေမေ ၊ သား၀ယ်စရာလေးရှိလို့ "
" ဪ အရမ်းမကြာနဲ့ ဖုန်းယူသွားနော် မေမေ စိတ်မချလို့
အဲ့ဘက်မှာ ခွေးတွေ တအားဆွဲနေတာ "မြေ့နင်းခ ဖုန်းယူသွားလည်း ဘာမှ မထူးပေ။
သူ့ဖုန်းက ကဒ်မရှိသည့် အလွတ်သာသာပင်ဖြစ်သည်။
သို့ပေမယ့် မြေ့နင်းခ စကားတစ်ခွန်းအား ထုတ်ပြောလိုက်သည်။" သားကဒ်ကို ရက်ခ ယူသုံးနေတာ အမေ "
သူပြန်လာတော့ မောင်က ရေချိုးပြီးလို့
မေမေနဲ့တောင် ခြံထဲမှာ စကားလက်ဆုံကျနေသေးသည်။
YOU ARE READING
UM (Completed)
RandomWarning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 months , 2 weeks and 1 day. Unforgettable memories [မေ့ဖျောက်ချင်မိ] မိုးမိရက်ခ×မြေ့နင်းခ ( Married) လူန...