PART 21

21.2K 1K 5
                                    

Unicode

BRRR ....BRRR ....BRRR ....

ဖုန်းသံ ဆက်တိုက်မြည်နေသည်မှာ ဒီတစ်ခေါက်နှင့်ဆို

ဆယ်ကြိမ်ထက် မနည်းတော့။ မက်ဆေ့ချ်သံ တတောင်တောင်ကလည်း အဆက်မပြတ်ပေ။

ဖုန်းခေါ်ဆိုနေသူမှာ မွေးမိခင် ဒေါ်ခက်ခက်နွယ်ပင်ဖြစ်သည်။

သူ မကိုင်ချင်။

လွန်ခဲ့သည့် နှစ်ရက်က မာမီနှင့် ဖုန်းပြောဖြစ်သေးသည်။

သူမ မြန်မာပြည်ကို ပြန်လာနေတော့မည်တဲ့။

ဘာကြောင့်လဲမေးတော့ မည်သည့်အကြောင်းပြချက်မျှ ရေရေရာရာ ပြန်မပြောပြ။

မိုးမိရက်ခ၏ လက်ထပ်ထားမှုသည် ဒေါ်ခက်ခက်နွယ်၏ သဘောတူညီမှု တစိုးတစိမျှ မပါသလို လက်ထပ်သည်ကိုတောင် သူမ မသိခဲ့။ လက်ထပ်ပြီး ငါးလအကြာမှသာ သူမ သိခဲ့ရခြင်းဖြစ်သည်။ သိတော့လည်း အကြီးအကျယ် ကန့်ကွက်ခဲ့သေးသည်။ အဲ့သည်လိုဖြစ်မည်ကို ကြိုသိ၍လည်း လက်ထပ်ပြီးပြီးချင်း မြေ့နင်းခအား မြန်မာပြည်ကိုဘဲ ပြန်ခေါ်လာပြီး အခြေချခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ ရက်ခ၏မိခင်က သူ့မိတ်ဆွေ၏ သမီးဆိုသူနှင့် သူ့အား သဘောတူထားခြင်းကြောင့်ဖြစ်သည်။ ထိုကိစ္စကို သိလျက်နှင့်ပင် သူ၏မိခင်ကို မြန်မာပြည်မှာ လုပ်ငန်း တိုးချဲ့မည်ဆိုပြီး လှည့်ဖျားကာ မြေ့နင်းခအား လက်ထပ်ယူခဲ့ခြင်းဖြစ်သည်။

စိုနေသည့် ခေါင်းကို ခြောက်အောင် မလုပ်တော့ဘဲ

ခအခန်းဆီသို့ ထွက်လာလိုက်သည်။

ချလောက်

ဟင် ခ အခန်းထဲမှာလည်း မရှိပါလား။

အောက်ထပ်မှာများလား။

အောက်ထပ်ကိုဆင်းလာလိုက်ပြီး ဟိုရှာဒီရှာလုပ်ကြည့်လိုက်တော့လည်း မတွေ့သဖြင့် ခြံထဲ ဆင်းရှာတော့မှဘဲ တွေ့တော့သည်။ မိသေးနှင့်အတူ ရယ်ရယ်မောမောစကားတွေ ပြောနေကြလျက် လက်ထဲတွင်လည်း အပ်နှင့် သိုးမွှေးလုံးကို ကိုင်ထားသေးသည်။

" ခ... "

သူခေါ်လိုက်တော့ အကြည့်လေးနှင့် တုံ့ပြန်လာရှာပါသည်။

UM (Completed)Where stories live. Discover now